14

712 29 0
                                    

မျက်ရည်များက ပါးပြင်ထက် နေရာယူထားပြီလေ။
အလွမ်းများနဲ့ စတင်ခဲ့တဲ့ ဘဝက ဒီည နောက်ဆုံးညဖြစ်လိမ့်မည် ထင်ပါသည်။ ထို့အပြင် ဒီနေ့ညက ထူးဆန်းလှအောင်မိုးကသည်းထန်စွာ ရွာသွန်းသည်။ အလွမ်းများနဲ့ ဖြတ်သန်းခဲ့ရသည့် မိုးညကိုတောင် သတိရမိသေးပါသည်။
ဘယ်လောက်ပဲ သည်းထန်စွာရွာနေပါစေ..
မင်းမရှိတဲ့ သူ့ဘဝကခြောက်သွေ့နေဆဲပါ။
မိုးရွာရင်သူပျော်တယ်... သူကိုယ်ထဲ အလွမ်းမိုးများရွာသွန်းရလို့။ အဲ့တာကိုသူနာမည်ပေးတယ် အလွမ်းမိုး ပါတဲ့။

ရှိန်း အခန်းပြတင်းပေါက်နား၌ အပြင်က သည်းထန်စွာရွာသွန်းနေသော မိုးစက်များကိုထိုင်ကြည့်သည်။ သူ၏ ခေါင်းထက် ဆောင်းထားသော ချည်သားဦးထုပ်လေးကို ချွတ်လိုက်ကာ သူ့ခေါင်းက ပြောင်ရှင်းနေသော ဦးခေါင်းအား သူ့လက်ဖြင့် ကိုင်ကြည့်သည်။ ထိုအခါ သူစိတ်ထဲ၌ပြောမိသည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ငါတော့ အသက်ကြီးပြီ...ဆံပင်တွေတောင် ကျွတ်ပေါ့လေ..ဒီလိုပါပဲ ကိုယ်စိတ်ကျေနပ်ဖို့ အဆင်ပြေရာနဲ့ဖြေသိမ့်ရတာပေါ့။ လူဆိုတာ ကိုယ့်ဘဝအတွက် ကိုယ်ပျော်နိုင်ဖို့ ကိုယ်ကပဲ လုပ်ဆောင်ရတာပေါ့။ ကိုယ့်ကိုကိုယ်လောက် ဘယ်သူကမှ ဂရုမစိုက်ပေးနိုင်ဘူး။
ဒါပေမဲ့ မင်းကိုတော့ ငါအသက်ထက် ဂရုစိုက်ပေးချင်ပါတယ်။ အစ်ကိုတစ်ယောက်အနေနဲ့လဲ အဆင်ပြေတာပဲ။ဒါပေမဲ့ကွာ ကံတရားကြီးက ငါ့ဘက်မှာရှိမနေပေးဘူး။

ပြတင်းပေါက်က လေပြေအေးများက ဝင်ရောက်တိုက်ခက်လာသည်။ ရှိန်း အနည်းငယ်အေးစိမ့်လာသည်မို့ ချည်းဦးထုပ်လေးကို ပြန်စွတ်လိုက်သည်။ ပြီးလျှင် ပြတင်းပေါက်တံခါးကို ဆွဲပိတ်လိုက်ကာ အိပ်ယာထဲသို့သာ ဝင်လှဲ‌လိုက်ပါသည်။

မနက်ဖြန်ဆိုတာ မသေချာမရေရာတဲ့ နေ့ဖြစ်လို့
စိတ်လှုပ်ရှားနေမိသည်။ ဒီနေ့မှ ထူးထူးဆန်းဆန်း နေရာတာ မူးတူးတူးနဲ့ အမြင်အာရုံကလည်းအနည်းငယ်ဝေဝါးနေသည်။
မနက်ပြန်မနိုးထနိုင်ခဲ့ရင်တောင် အိပ်မက်လှလှလေးမက်ပြီး အိပ်စက်သွားရရင်ကောင်းမယ်...!

"ကိုကို ... ကိုကို... သားကိုမထားခဲ့ပါနဲ့ ဂတိပေးထားတယ်လေ ဂတိဖျက်တယ် ကိုကိုက ကိုကို ကိုကို"
တဖက်က အမှောင်ထုကြီးထဲ၌ ရှိန်းက ဝင်းပလျက် အထင်းသားပေါ်နေသည်။ပြီးလျှင် လောဝ်စိမ့်ကို ကျောပေးထားရာမှ မျက်နှာတစ်ခြမ်းသာ လှည့်လာပြီး တာ့တာပြကာ
သူက ချိုသာသောအပြုံးဖြင့် နှုတ်ဆက်သွားသည်။နှုတ်ဖြားကလည်း တီးတိုးစွာ "ချစ်တယ်နော်.."တဲ့။

စိမ့် (လောဝ်စိမ့်မူ)Where stories live. Discover now