ဒီနေ့မနက် ပါရီမြို့လမ်းမတွေဟာ မိုးရေတွေနဲ့ စိုစွတ်နေတယ်။ မနက်ခင်း 5:00 မျှအချိန်သည် အနည်းငယ်မျှသော လူတို့သာ လမ်းထလျှောက်ချိန်ဖြစ်၍ ဂျောင်ဂုသည် ဘေးဘီကိုကြည့်ရန်မလို ၊ ထီးကိုပျော်ရွှင်စွာ လှည့်ပတ်ဆော့ကစားနိုင်သည်။ ထို့အပြင် သူသယ်လာသော မုန်လာပင်ပေါက်များကိုလဲ မထိခိုက်စေရ ၊ အသေချာပင် ပလတ်စတစ်အိတ်ဖြင့် ချည်နှောင်ထားလေသည်။သူ၏ အသစ်ချွတ်ချွတ် သိုးမွှေးအနွေးထည်နီနီလေးသည်ပင် ဒီနေ့အတွက် ပိုမိုတောက်ပနေသယောင်ထင်ရသည်။ အသက် 27 နှစ်အရွယ် အမျိုးသားတစ်ယောက်၏ ငယ်ရွယ်ဖြတ်လတ်မှု့တို့သည် သူ၏ မိုးရာသီကို သဘောကျသော မျက်နှာထက် ပေါ်လွင်နေ၏။
ဂျောင်ဂုက သာမန် တက္ကသိုလ်ကျောင်းကထွက်ပြီး ပါရီမြို့၏အနည်းငယ်လူသူရှင်းသောနေရာမှာ ဆိုင်ခန်းငှားပြီး ဈေးရောင်းနေသူဖြစ်သည်။ သူ၏ တိုက်ခန်းလေးသည် အတော်အသင့်ကျယ်ပြန့်ပြီး နေချင်စဖွယ်ဖြစ်သည်။ နံရံကို အညိုရောင်သုတ်ပြီး ပြတင်းပေါက်ဘေးက ကန့်လန့်ကာသည် နို့နှစ်ရောင်လေးဖြစ်ရာ သူမွေးထားသော ခွေးစုတ်ဖွားလေး၏ ဇိမ်ခံ နေပူစာလှုံရာ နေရာကောင်းလေးလဲဖြစ်သည်။ခွေးကလေးသည် လသားအရွယ်မှာပင်ရှိသေးပြီး ကျန်ခဲ့သော လများကပင် ဆိုင်ခန်းရှေ့မှာ မျက်စိမပွင့်ပဲ တအီအီလျောက်သွားနေခြင်းဖြစ်ရာ မိုးရေများကြောင့် အအေးပတ်မည်စိုး၍ ကောက်ယူမွေးစားထားသည်မှ ယခုတွင် အဝောာ်လေး အကောင်ကြီးနေပြီဖြစ်သည်။
ဂျောင်ဂုနေထိုင်သောနေရာသည် အမြဲလိုလို တိတ်ဆိတ်နေတက်သည်ဖြစ်ရာ သူသည်လဲ ဒီတိတ်ဆိတ်မှု့ကို နေသားကျပြီးသားဖြစ်သည်။ အညိုရောင်အခန်းလေးသည် မီးရောင် ဖြဖြလေး နွေးထွေးစွာလင်းနေပြီး ပြတင်းပေါက်ရှိ သစ်ခွပင်လေးများကိုတော့ မိုးရေစက်များ အနည်းငယ်လာစင်နေသည်မျာ တဖြောက်ဖြောက်ရှိလှ၏။ ၀ရံတာကြမ်းခင်း နို့စိမ်းရောင်လေးရှိ ပန်းပွင့်ပုံစံမှန်ချပ်များသည် မိုးရေကြောင့် ပြောင်လက်တောက်ပနေခဲ့သေးသည်။
သူ၏ ရိုးရှင်းသော တစ်နေ့တာသည် သာမန်အတိုင်း လည်ပတ်နေရင်း ရက် ၊ လ ၊ နှစ်တို့ ကုန်ဆုံးခဲ့သည်။
တစ်ခြားသော သူကြောင့် တုန့်ကနဲရပ်တန့်သွားရသည်ဟူ၍လဲမရှိပဲ သူသည် အခန်းငယ်လေးနှင့် ခွေးလေးကိုသာ အာရုံအပြည့်အ၀ထားထားခဲ့သည်။
YOU ARE READING
ABYSS
Romanceငါတို့ဟာအဆုံးမဲ့ ချောက်ကမ်းပါးပေါ်က အမြစ်တွယ်နေတဲ့ ပန်းတွေနဲ့တူတယ်။ ပါရီမြို့ပေါ်က မိုးရေစက်တွေနဲ့တူတယ်။ #ချယ်ရီကြွေ