ယခင်က တိတ်ဆိတ်ငြိမ်ချမ်းခဲ့သော ပါရီမြို့သားလေး၏နေအိမ်သည် ယခုတော့ လေပြင်းမုန်တိုင်းတိုက်သကဲ့သို့ နေ့ချင်းညချင်းပြောင်းလဲသွားရ၏။ အကြောင်းမှာကား ထိုလူစိမ်းပင်ဖြစ်ရချေ၏။မနေ့က သူသည် ဆိုဖာတွင် စောင်ခြုံ၍ကွေးလိုက်ရသော်ငြား မဖိတ်ခေါ်ထားသည့် ဧည့်သည်မှာတော့ သူ၏ နွေးထွေးသော အိပ်ရာ၌ ဓားတစ်ချောင်းကိုင်ကာ အိပ်ပျော်သွားခဲ့လေသည်။
ဂျောင်ဂုသည် ထိုလူအား မည်သို့မည်ပုံကိုင်တွယ်ရမည်ကိုမသိစွာ ရဲတိုင်မည်ကြံသော်လည်း ဖုန်းကား ထိုလူ့ဆီမှာအတင်းကျပ်သိမ်းခံထားရလေသည်။ သူသည် သနားစရာကောင်းစွာဖြင့် စျေးသို့အ၀ယ်ထွက်ချင်ပါသော်ငြား ယခုမူ ဆိုဖာ၌ ခြေတစ်ချောင်းပါ ကြိုးတုပ်ခံထားရသေး၏။
ပါရီမြို့သားလေးသည် သက်ပြင်းသေးသေးလေး ခိုးချလိုက်ရသည်။
*ငါလေးဟာ သိပ်သနားစရာလေးပါကွာ*
"သက်ပြင်းချမနေနဲ့ မနက်စာလာစား"
မီးဖိုခန်းထဲမှ ထိုလူ၏အသံက ကြိုးတုပ်ခံထားရသော ဂျောင်ဂု၏အဖြစ်ကို တမင်လှမ်းလှောင်နေသယောင်။
"ဟိုလေ ကြိုးလေးပါလေးဖြည်ပေးအုံးမှပေါ့"
သူ့အသံကြောင့်ထင်သည် ပေါင်မုန့်တစ်ချပ်ကိုင်ထားသော ထိုသူက ခြေလှမ်းကျဲကျဲဖြင့် အိမ်ရှေ့သို့ ရောက်လာ၏။
သူ့တွင်ချည်ထားသော ကြိုးများကိုဖြည်ချရင်း မှင်သေသေ မျက်နှာထားဖြင့်လဲ ပြောသေးသည်
"မင်းကအရှုပ်ထုပ်ပဲ"တဲ့။သူများအိမ်ပေါ် လစာမပေးပဲ တက်နေတဲ့ ထိုသူကလေ။
သူ့ကို....သူ့ကိုအရှုပ်ထုပ်တဲ့လေ။
သူကမှ အရှုပ်ထုပ်မဟုတ်ဘူးလားလို့နော်။
....
*****
မနက်စာသည် ပေါင်မုန့်နှင့် ကြက်ဥကြော်ဆိုသော်ငြား ဂျောင်ဂုသည် စိတ်အဆင်းရဲကြီးဆင်းရဲစွာ သက်ပြင်းကိုချရသည်။ အကြင်သူသည် သူ၏ မီးဖိုချောင်အား မွှေနှောက်မှောက်လှန်၍ ပြန့်ကျဲစေရုံမက မီးကျွမ်းနေသော ကြက်ဥကြော်ကိုလဲ ဖန်တီးနိုင်သော ပညာရှင်ဖြစ်လေသည်။ ထို့အပြင် ပေါင်မုန့်မီးကင်သည်လည်းပဲ တူးနံ့သင်းလျှက် အငွေ့တထောင်းထောင်းဖြစ်နေလေရာ မျိုချရန်ပင် ခက်ခဲလွန်းမက ခက်ခဲလေတော့သည်။
YOU ARE READING
ABYSS
Roman d'amourငါတို့ဟာအဆုံးမဲ့ ချောက်ကမ်းပါးပေါ်က အမြစ်တွယ်နေတဲ့ ပန်းတွေနဲ့တူတယ်။ ပါရီမြို့ပေါ်က မိုးရေစက်တွေနဲ့တူတယ်။ #ချယ်ရီကြွေ