Lasgalen သို့မဟုတ် Union of 10 Kingdom
Lasgalen နိုင်ငံများလို့ တပေါင်းထဲခေါ်ဝေါ်တဲ့ ဘုရင့်နိုင်ငံဆယ်ခု ပေါင်းစုထားတဲ့ တိုင်းပြည်ကြီးအကြောင်း မိတ်ဆက်ပေးပါရစေ ။
Origen Eternoဂြိုလ်ကြီးမှာ လက်ရှိတိုက်ကြီး 5 တိုက်ရှိတယ်။ Origen Eterno ဟာ တချိန်ကတော့ လွင့်မျောနေတဲ့ အချပ်ပြားဝိုင်းကြီးလို သွင်ပြင်ရှိခဲ့ပါတယ် ။အဲ့ဒီအချိန်တုန်းကတော့ အချပ်ပြားဝိုင်းကြီးရဲ့ တဖက်မျက်နှာပြင်မှာ တော့ အနားသတ်မှာရေခဲပြင်၊ အတွင်းမှာအဝိုင်းပတ်သမုဒ္ဒရာနဲ့ အလယ်မှာ ပင်မကုန်းမြေကြီးရယ်လို့တည်ရှိပါတယ် ။ ချပ်ပြားဝိုင်းကြီးရဲ့ အခြားတဖက်ခြမ်းမှာတော့ upside-down လောကကြီးရှိပါတယ်။အကြောင်းအရာများစွာဖြစ်သွားပြီးနောက်မှာ အီတာနို လို့ခေါ်တဲ့ undying land ကြီးဟာ သီးခြားမြင့်တက်သွားပြီး ကျန်တဲ့ရေမြေတွေဟာ အနားသတ်တွေ ထိစပ်လုံးဝိုင်းသွားပါတယ် ။ အဲ့အချိန်မှာတော့ Upside-down world ဟာ Inner world ဖြစ်သွားပါတယ် ။
Origen Eterno ကြီး လုံးဝိုင်းသွားပြီး အချိန်မှာတိုက်ကြီး 6 တိုက် ပေါ်လာပါတယ် ။ ပင်မကုန်းမြေကြီး ကွဲထွက်သွားရာက အိုရီယဲ့တမ်၊ ဗိုးဗက်စ်၊မဲရစ်ဒျူးနားလစ်၊ သဲ့ရာ့မဲ့ဒယာ နဲ့ ဗယ်လာရီယာ လို့ခေါ်တဲ့ တိုက်ကြီးငါးတိုက်ဖြစ်သွားပါတယ် ။ အနားသတ်ထိစပ်သွားတဲ့ ရေခဲပြင်တွေကနေ နော့တေး လို့ခေါ်တဲ့ တိုက်တခုပေါ်လာပါတယ်။
YOU ARE READING
The Chronicles of Lasgalen
Fantasyကျွန်တော်ဖန်တီးထားတဲ့ Universe ထဲ အလည်တခေါက် လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ် ။