မိုးစက်တွေ တပေါက်ပေါက် ကျနေသည့် ရာသီဥတု အခြေအနေကြားထဲ လူတွေ ပြေးလွှားနေကြသည်။ ကောင်းကင်ထက်၌ တဝီဝီ ပျံနေသည့် လေယာဉ်တွေဆီမှ ကျဆင်းလာသည့် ဗုံးတွေ
"ဗုံးခိုကျင်းထဲ မြန်မြန် ဝင်ကြ"
လူကြီးတစ်ယောက်၏ တိုက်တွန်းသံကြောင့် နီးစပ်ရာ ဗုံးခိုကျင်းတွေဆီသို့ လူတွေ စုပြုံ ပြေးလွှားကုန်ကြသည်။
မြေပြင်ပေါ်သို့ ကျဆင်းလာသည့် ဗုံးနဲ့အတူ ထိတ်လန့်စရာ ပေါက်ကွဲသံကြီးတွေ... မိုးခြိမ်းသံထက် ကြောက်လန့်စရာ ကောင်းလိုက်ပုံများ။
"ဒီစစ်ပွဲကြီး ဘယ်တော့များမှ ပြီးပါ့မလဲ"
မှောင်မဲနေသည့် ဗုံးခိုကျင်းထဲမှာ အဘွားအိုတစ်ယောက်က မျက်ရည်များစီးကျလို့ ဝမ်းနည်းသွာ ငိုကြွေးနေတော့သည်။
နယ်မြေသိမ်းပိုက်လိုသည့် လောဘ သားကောင်တွေ သူတို့ မြေကို ခြေချလာကတည်းက ဒီစစ်ပွဲကြီး စတင်ခဲ့သည်။
ရုရှားတွေကို သူတို့ မမုန်းပါဘူး။ သို့သော် အသွေးအသားထဲမှတောင် နာကျည်းလှသည်။
"အဘွား.. ဒါလေး နည်းနည်းလောက် စားလိုက်ပါဦး"
အဘွားအို၏ အနားကို ၁၆ နှစ်အရွယ် ကောင်လေး ရောက်လာသည်။ စစ်ပွဲကြီး စတင် ကတည်းက မိသားစု၊ ဆွေမျိုးဟူ၍ မြေးအဘွား နှစ်ယောက်သာ ကျန်တော့သည်။
အဘွားက တုန်နေသည့် လက်ကလေးတွေဖြင့် ကောင်လေး၏ ပါးပြင်ကို လှမ်းကိုင်လိုက်၏။
"ဒီက ထွက်ရရင် အဘွားကို ထားခဲ့လိုက်တော့နော်။ ဒီ အဘွားကြီးကြောင့် ခရီးတွင်မှာ မဟုတ်ဘူး။ ဘူဆန်မြေဘက်ကို ဂယောင်းထယ်တို့နဲ့အတူ လိုက်သွား... Jungkook လေး ဘေးကင်းမှ အဘွား စိတ်ဖြောင့်နိုင်မှာ"
"ကျွန်တော် မထားခဲ့နိုင်ဘူး။ ဂယောင်းထယ်တို့နဲ့လည်း လိုက်မသွားဘူး။ သေသွားရင်တောင်..."
"ဒီလိုစကားတွေ မပြောပါနဲ့ အဘွားပြောတာ နားထောင်နော်"
Jungkook က အဘွား၏ မောဟိုက်နေသည့် ကိုယ်လေးကို တင်းတင်းပွေ့ဖက်ထားလိုက်သည်။ မှောင်ရိပ်သန်းလာပြီး ညဉ့်ဦးယံကို ရောက်လေ အေးစိမ့်စိမ့် ဖြစ်လာလေ