Episode - 6 ( Unicode )

419 42 8
                                    

Mafia ဂိုဏ်းမှ အပျော်ကောင်လေးများ၏ ခေါင်းဆောင် ဖြစ်လာခြင်း
Chapter - 5

Hiki ဇာတ်လိုက်ကောင်၏ ပုခုံးထံ မျက်နှာအပ်ကာ မျက်ရည်တို့ကို ခိုးသုတ်ရသည်။ သူတကယ်ကြီး လန့်သွားတာ။ လူတွေသာ ရောက်မလာရင် သူ OOC ဖြစ်တော့မှာဖြစ်ပြီး ဇာတ်လိုက်ကို ကန်ထုတ်ခါနီးနီး။

သူ့ကိုပွေ့ဖက်ထားသော လက်တို့က အားပါလှသည်။ ဇာတ်လိုက်က သူ၏ ခါးအား ကိုင်ကာ ဆွဲခွာဖို့ လုပ်တော့ Hiki အလန့်တကြား ဇာတ်လိုက် လည်တိုင်အား ဖက်တွယ်ထားမိကာ မလွှတ်ပေးမိ။

သောက်ဂွပဲ!! သူက မျက်ရည်ကျနေရင်း တန်းလန်းကြီးလေ။ စစ်သာဆို ငိုနေမှာ မဟုတ်သည်မို့ သူငိုနေတာကို သိသွားရင် သောက်ကျိုးတော့ နည်းကုန်တော့မှာ။

ခုနကပဲ ကြိးကြီးကျယ်ကျယ်ဖြင့် သတ်ခွင့်ပြုတယ် ဘာညာ လုပ်နေပြီး အခုမှ ငိုနေတယ်တဲ့။

တောင်းပန်ပါတယ် စစ် ရေ !!! ငါမင်းကို အရှက်ရစေမိပြီ ဝူးးးးး (⁠-̩̩̩⁠-̩̩̩⁠-̩̩̩⁠-̩̩̩⁠-̩̩̩⁠_⁠_⁠_⁠-̩̩̩⁠-̩̩̩⁠-̩̩̩⁠-̩̩̩⁠-̩̩̩⁠)

ဇေး စိတ်ပြေလို့ စစ်၏ ဒဏ်ရာကို ကြည့်ပေးမလို့ ပြင်တုန်း သူ့ကို ဖက်ထားတာမှ မလွှတ်ပေးသည့် စစ် ကြောင့် ကြောင်သွားသည်။

တန့်နေမိပြီး သေချာ ဂရုစိုက်ကြည့်တော့ သူပုခုံးထက် စိုစွတ်မှုနှင့်အတူ ရှိုက်သံသေးသေးလေးတစ်ခု။

ငိုနေတယ်!?

ဇေးမျက်နှာထက် အံ့ဩမှုများ ဖြတ်သန်းသွားပြီး သွားများပေါ်အောင် ရယ်လိုက်သည်။ မမြင်စေချင်သည့် ကောင်လေးကြောင့် မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်ကာ သူ့လက်တို့အား ပို၍ တင်းကျပ်လိုက်သည်။

" ဇဲလ် "

စစ်ခုနက ဖြေလိုက်သည်ကို သတိရမိလိုက်သည်။

ဘယ်သူ့ကို ချစ်တာလဲဆိုတော့ ဇဲလ် တဲ့လေ။ ကြားကြားချင်း စိတ်လွှတ်သွားမိသည့်အပေါ် သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။

ဘာတွေ စိတ်ရှုပ်ခံနေသည်လဲ။ ဘယ်သူ့ကိုပဲ ချစ်နေနေ လူကတော့ သူ့အပိုင် ဖြစ်နေပြီးသား မဟုတ်ပါလား။

Hiki: Supporters System Where stories live. Discover now