part.14

126 3 1
                                    

တချိန်ထဲမှာ မယ်မယ်ဘုရားက ပြုံးလိုက်ပြီ

"သားတော်တောင် အတော်ကြီးလာပြီပဲ ကဲ ဘယ်သူမှဘာမှမပြောတော့ဘူးဆို လက်ခံသဘောတူတယ်ပဲ မှတ်လိုက်ရမှာပေါ့"

ဟုပြောတော့ အမတ်များမှာ ခေါင်းမဖော်တမ်း အငြင်းစကားတခွန်းမထွက်ရဲပဲ ခေါင်းငြိမ့်ထောက်ခံရ၏ အဘယ်ကြောင့်ဆိုတော့ အရှင့်မယ်တော်ကိုယ်တိုင်လက်ခံ သဘောတူနေမှတော့ နောင်ခါလာ နောင်ခါဈေး ဟုတ်သည် သူတို့ပုခုံးကြားမှခေါင်းတော့ မပျောက်ချင်ပါ နောက်မှ ကိုယ့်သမီးကိုယ့်တူမမြေးအို စစ အရာများနှင့် ဘုရင့်အားအစားထိုးမည်ဟု စိတ်များတွင်း ဆုံးဖြတ်လိုက်ကြသည်။

##########

ရှောင်းကျန့် အရာရာကိုလိုက်မမှီနိုင်အောင်ဖြစ်ခဲ့၏ အရှင်က ကြီးကျယ်မြင့်မြတ်တဲ့အရှင်က သူ့အား နေရာတခုပေးယုံမက သူ့ရှေ့မှ မားမားမတ်မတ် ကာကွယ်ပေးခဲ့သည့်အဖြစ်ကြောင့် သူ့အားပေးထားသော်အဆောင်ရသည့်တိုင် နူတ်ခမ်းလေးမစေ့နိုင်ပဲ ပြုံးနေသည်မှာ မြင်ရသည့်သူအဖို့ ကြည်းနူးစိတ်ချမ်းမြေ့စရာကောင်းနေတော့ပါသည်

******

"တောက်စ်...... ဒင်းကဘာမို့လို့ အဲ့ရာထူးကိုရရသလဲ"

"ဒုန်း......ခွမ်း......... "

ပစ္စည်းများရိုက်ခွဲပြစ်ပေါက်လုပ်နေသည့် မိဘုရားကြီး၏တူမတော်အား အပျိုတော်များမှာ အသံမထွက်ရဲအောင်ကြောက်ရွံပြီ ချောင်များအသီသီး၌ကပ်လျှက်ကြောက်ဒူးများတုန်နေကြသည် ထိုအချိန်

"မယ်မယ်ကြီးကြွချီလာပါကြောင်း အကြောင်းကြားအပ်ပါတယ်"

ဟု မယ်မယ်အား ခစားရသော် မိန်းမဆိုးဤ အသံသည် ချိုမျှစွာထွက်ပေါ်လာသဖြင့် အပျိုတော်များမှာ အသက်ရူချောင်ရသည် ယခုမှ မိဘုရားကြီးသည် အဆောင်တော်အတွင်းဝင်လာပြီ မျတ်ခုံးတချက်ပင့်မိ့သည် ပြီတော့ မျတ်ရိပ်ပြလိုက်တော့ အပျိုတော့များမှာ ကြေ ကွဲပျက်စီးနေသော် ပစ္ည်းများအား ဂရုတစိုက်ရှင်းလင်းလျှက် ခေါင်းငုံအရိုသေပေးပြီ အ​ေဆာင်တွင်းမှ ထွက်သွားကြသည် မိဘုရားကြီးက စိတ်ပျက်သော်အသံနှင့်

      "   ရှင်းယွန်းလန်...... မင်းကို.. ဒီမယ်မယ်က....တူမလိုမဟုတ်သမီးလို ပြုစုပျိုးထောင်လာတာ..သိရဲ့နဲ့.....မကြာခင်နန်းကျတော့မယ့် ဘုရင်လေးကို ယောကျာ်း တယောက်နဲ့ပြိုင်လုနေမှာ ဒီမယ်မယ် မမြင်ချင်ဘူး "

ယွန်းလန်....ခေါင်းငုံမျတ်ရည်ကျနေရင်းနဲ့မှ.....မယ်မယ်ဘုရားအားမော့ကြည့်မိ့သည်   ဘာတွေများပြောနေသလဲဟု အံ့သြော်မိ့သည်  မိဘုရားကြီးက နူတ်ခမ်းအားမဲ့ကျနေအောင် ပြုံးလိုက်ပြီ ယွန်းလန် မျတ်ဝန်းများအား နားလည်ကြောင်း ခေါင်းတဆက်ဆက် ငြိမ့်ပြီး ယွန်းလန် ခေါင်းလေးအား ပုတ်ပြီ

       " တခြားတယောက်နဲ့...လက်ဆက်ဖို့ ဒီမယ်မယ်စီစဥ်လိုက်မယ်"

ယွန်းလန် အထိတ်တလန့် ခေါင်းမော့လာပြီ မယ်မယ်အား အသနားခံသော်မျတ်ဝန်းများနှင့် ကြည့်လိုက်သည်

You've reached the end of published parts.

⏰ Last updated: Aug 19 ⏰

Add this story to your Library to get notified about new parts!

အရှင့်ကိုချစ်ရသူWhere stories live. Discover now