ဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများသည်စာရေးသူ၏အတွေးသက်သက်သာဖြစ်ပါသည်။....
_________^^__________^^___________Mist( part1)
~~~~~~~~~~~
UnicodeMist (1)
တောက်....
လင်းရောင်ခြည် တစ်ယောက် လချုပ်စာရင်းတွေပြန်စစ်နေရင်း စာရွက်ပေါ်ကျလာတဲ့သွေးစက်ကြောင့်
လင်းေရာင်စုတ်သတ်မိသွားသည်။"ကျစ်..ဒီနှာခေါင်းသွေးကလျှံပြန်ပြီ" ...
စားပွဲပေါ်မှာရှိတဲ့တစ်ရှူးကိုလှမ်းယူတုန်း အခန်းထဲလူတစ်ယောက်ဝင်လာသည်။
"ရောင် မင်းနှာခေါင်းသွေးတွေလျှံပြန်ပြီလား ငါတို့ဆေးရုံမှာသွားစစ်ကြည့်အောင်လို့နော်ရောင်"
"မောင်ရာ ငါဘာမှမဖြစ်ပါဘူးလျှံနေကြပဲကို ပြီးရင်တိတ်သွားလိမ့်မယ်"
ခါတိုင်းလိုပဲမောင်ကဆေးရုံမှာဆေးသွားစစ်ပြောတိုင်းကျွန်တော်ငြင်းမိပြန်ပါသည်။
"ရောင်မင်းတော်တော်ခေါင်းမာပါလား လာပါသွားစစ်ကြည့်ရအောင်နော်"
"အခုတ လောနေအရမ်းပူတော့ ခဏခဏလျှံတာပါမောင်ရာ စိတ်မပူပါနဲ့"
"အခုက နှာခေါင်းသွေးလျှံတာကတစ်ခါနှစ်ခါမကတော့ဘူးနော်ရောင် အရင်ကထက်လည်းမင်းပိန်လာတာ ငါစိတ်ပူတယ်ရောင်"
လင်းရောင်တစ်ယောက် သူ့ကိုစိတ်ပူပြီးတတွတ်တွတ်ပြောနေတဲ့ ချစ်ရသူလေးအားကြည့်ကာပြုံးမိပါသည်။မိမိ ချစ်ရသူလေးအားကြည့်ရင်း ပြီးခဲ့တဲ့အတိတ်တွေကိုအတွေးနယ်ချဲ့မိတယ်။.....
"တည်တံ့မောင် နဲ့ လင်းရောင်ခြည် ဆိုတဲ့ကျွန်တော်တို့နှစ်ယောက်က ငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းတွေပေါ့ ငယ်ငယ်ထဲကသူငယ်ချင်းတွေဖြစ်တဲ့ကျွန်တော်တို့နှစ်ယောက်က အရွယ်ရောက်လာတာနဲ့အမျှ တစ်ယောက်ပေါ်တစ်ယောက်သူငယ်ချင်းသံယောဇဥ်ထက်ပိုနေသည်ကိုသတိထားမိလာတယ်။
အဲ့လိုနဲ့နေလာခဲ့ကြရင်းတက္ကသိုလ် ပထမနှစ်ရောက်တော့မောင်က ကျွန်တော့်ကိုသူချစ် နေတဲ့အကြောင်းကိုဝန်ခံလာခဲ့တယ်။ ကျွန်တော့်ကိုချစ်လွန်းတဲ့မောင်က သူတက်ချငိတဲ့တက္ကသိုလ်ကိုမတက်ပဲ ကျွန်တော်နဲ့အတူ အမေရိကားမှာေကျာင်းလိုက်တက်လေတယ်လေ။ ငယ်ငယ်ထဲကသူ့ကိုယ်သူထက်ကျွန်တော့်ကိုအရေးပေးလွန်းတဲ့မောင့်ကိုအချစ်ပိုကာကျွန်တော်ချက်ခြင်းလက်ခံမိပါသည်။ မောင်နဲ့တွဲလာခဲ့တဲ့ချစ်သူသက်တမ်းတစ်လျှောက်မောင်ကကျွန်တော့်အပေါ်နမ်းရုံကလွဲလို့ အခွင့်အရေးမယူခဲ့။ ကျွန်တော့်ဘက်ကအဆင့်တက်ခွငိ့ပြုပေမဲ့ မောင်က လက်ထပ်ပြီးမှတရားဝင်ပိုင်ဆိုင်ချင်ကြောင်းဆိုလာခဲ့သည်။ ကျွန်တော့်ကိုတန်ဖိုးထားတဲ့မောင့်အားကျွန်တော်အချစ်ပိုရပြန်ပါသည်။ ချစ်သူသက်တမ်း5နှစ်မှာ မောင်ကကျွန်တော့်လက်ကိုဆွဲလို့မောင့်မိဘတွေဆီမှာရော ကျွန်တော့်မိဘတွေစီမှာပါ လက်ထပ်ဖ်ို့အတွက်ဖွင့်ဟလာခဲ့တယ်။ နှစ်ဘက်မိဘတွေက အရင်ကတည်းကသိကျွမ်းခဲ့ကြတဲ့အပြင် ခေတ်မှီတဲ့သူတွေဖြစ်တာကြောင့်ကျွန်တော်တို့နှစ်ယောက်ကို လက်ခံပေးခဲ့တယ်။ဒါပေမဲ့ မောင့်ရဲ့အဖေကတော့ကျောင်းပြီးတာနဲ့သူ့ရဲ့လုပ်ငန်းတွေကိုဦးစီးဖို့ရာတောင်းဆိုလာတာကြောင့်ကျွန်တော်ရောမောင်ရောကြည်ကြည်ဖြူဖြူနဲ့လက်ခံခဲ့တယ်လေ။အဲ့လ်ိုနဲ့ အမေရိကားကနေပြန်လာပြီးမကြာခင်မှာပဲ မောင့်အဖေရဲ့လုပ်ငန်းက်ုစလေ့လာခဲ့ကြတယ်"
![](https://img.wattpad.com/cover/352337344-288-k811623.jpg)
YOU ARE READING
Mist..
HorrorMist intro ဘယ်လိုအရာတွေကြောင့်ကများ ငါတို့နှစ်ယောက်ကိုဝေးသွားစေခဲ့တာလည်း မောင်.... ဘယ်လိုဆုတောင်းတွေကြောင့်များလည်း... ဟုတ်တယ်...ဆုတောင်းတွေကြောင့်.. ငါတို့နှစ်ယောက်ကိုဝေးသွားစေခဲ့တဲ့ဆုတောင်းတွေကိုမုန်းလိုက်တာမောင်ရယ်...ဒါပေမဲ့... ငါတစ်ခုတော့ ဆုတော...