(Zawgyi)
နွေကျောင်းပိတ်တုန်း ဇန် တစ်ယောက်အိမ်ထဲ၌လုပ်စရာမရှိကာပျင်းနေလေသည်။အဘိုးနဲ့အီတလီလိုက်သွားရမှာကို
မေမေကမြန်မာမှာအဘွားနဲ့ခဏနေပါဦးပြောလို့လက်ခံလိုက်သည်။အဘွားကသူ့ကိုအရမ်းချစ်သည့်အလျောက်အလိုလဲအရမ်းလိုက်လို့မေမေနဲ့ဆိုတကျက်ကျက်နဲ့ပင်။ရန်ကုန်ကအိမ်တော်ကြီးမှာ ဇန်အဘွားရဲ့တစ်ချက်လွှတ်အမိန့်အရ အကုန်လုံးမြန်မာစကားပဲပြောရသည်။ထိုကြောင့်အီတလီသားအဘိုးဖြစ်သူကပင် အသံမပီတပီနဲ့မြန်မာစကား
ပြောရ၏။ထိပ်ခေါင် Mafia ဖြစ်သော်လည်းမိန်းမရဲ့အမိန့်ကိုတော့မလွန်ဆန်ရဲပေ။"ဇန်...သားလေး ဘာစားချင်လဲဒီနေ့ဘွားဘာချက်ပေးရမလဲ"
"ဟိုနေ့ကလိုမျိုး..ရှမ်းခေါက်ဆွဲစားချင်တယ်၊ ပြီးတော့ဘွားရေသားပျင်းတယ်၊ ဂိမ်းတွေကြီးပဲဆော့တော့မျက်စိညောင်းလာပြီ၊ ဆော့ဖို့အဖော်ရှာပေး"
"ဟေ...သားအဘိုးရဲ့သက်တော်စောင့်တွေဘာလုပ်နေသလဲကွယ်၊ မြေးကိုမဆော့ပေးကျဘူးလား၊ သားအဘိုးရောဘယ်သွားလဲမသိ၊ အဲ့ဟာတွေကတော့လေ ဒီမှာငါ့မြေးကပျင်းနေပြီ"
"ဘွားရာ ဘိုးရဲ့သက်တော်စောင့်တွေနဲ့မဆော့ချင်ပါဘူး၊ ရွယ်တူနဲ့ပဲဆော့ချင်တာ"
"ဟုတ်ပြီ ဘွားရှာပေးမယ်နော်၊ အခုသားစားဖို့သွားလုပ်ပေးမယ်..အော်..ရှေ့မှာ မင်းရဲ့ညီတော် lukeဗိုက်ဆာနေလောက်ပြီတစ်ခုခုသွားကျွေးချေ။ အဲ့ကောင်လေးကသားမှမဟုတ်ရင်အနားကပ်ခံတာမဟုတ်ဘူး"
"ဟုတ်ဘွား"
Luke ဆိုသည်မှာ ဇန်ကိုကာကွယ်ဖို့အတွက်အထူးလေ့ကျင့်ထားသော Doberman အမျိုးအစားခွေးဖြစ်သည်။အရွယ်အစားအရ ၉တန်းအရွယ် ဇန်ရဲ့အရပ်နီးပါးပင်။
Lukeကတော်ရုံလူဆိုအနားကပ်မခံပဲမသိတဲ့သူကအနားကပ်ရင်အသံကျယ်ကြီးဟောင်ကာဆိုးသွမ်းသည့်သဘောရှိသော်လည်း ဇန် နဲ့ဆိုရင် ဇန်ရဲ့တစ်ခွန်းဆိုတစ်ခွန်းနားထောင်ကာ အနားမှာကပ်ချွဲတတ်သည့်ကောင်ဆိုးလေး။"ဟဲ့ သွင်...အဲ့ကလေးကဘယ်သူတုန်း"
"ဗေဒါညိုတဲ့အမေရေ....အဖေခေါ်လာတာတဲ့အကြွေးမပေးနိုင်တော့ ကလေးကိုရောင်းစားကျသတဲ့လေ တယ်မိုက်တဲ့မိဘတွေ အညိုကတော့ဒီမှာအလုပ်လာလုပ်ရတယ်ပဲထင်နေတာ"
![](https://img.wattpad.com/cover/363817836-288-k923784.jpg)
YOU ARE READING
Zen (The mad dog)
FantasyGenre: BL/Yaoi/ fantasy warning:18 plus Start date:26.2.2024 End date: ❗စာရေးသူ၏အတွေးသက်သက်ဖြင့်ဖန်တီးထားသောစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်။စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည့်အတွက်လက်တွေ့ဘဝနဲ့ကွာခြားနေမှာပါ။ထို့ကြောင့်လက်တွေ့ဘဝနဲ့ရောထွေးမှုမပြုပါနဲ့ရှင်။ ...