5

80 14 2
                                    

Unicode

Message account ရပြီးကတည်းကဂျောင်ဂုကအမြဲ message တွေပို့တတ်ပါသည်။ သို့သော် အားတိုင်းထိုင်ပို့နေတာတော့မဟုတ်။ တချိူ့ကိစ္စလေးတွေအသေးလေးတွေကို
လာလာပြောတတ်သည်။
နောက်ဆုံးစကားပြောထားခြင်းက

- ကင်မ်ချီဘူးတွေအော်ဒါအပြည့်ရထားတယ် မင်းလိုက်ခဲ့ရမယ်ထယ်ယောင်း-

-ဘယ်တော့လဲ-

-‌ေနာက်အပတ်-

- မလိုက်ဖြစ်‌ေလာက်ဘူး-

- ဘာလို့လည်း ပြောပြီးစနစ်နော် ထယ်ယောင်း-

- နောက်အပတ်ရာသီဥတုကပူမှာတဲ့သတင်းကထုတ်ထားတယ် အိမ်ပြင်မထွက်ချင်ဘူး-

-မင်းအဆင်မပြေရင်ရပါတယ်-

ဒီစကားကလွန်ခဲ့တဲ့အပတ်လောက်ကမှပြောထားတဲ့စကားဖြစ်သည်။ကျူရှင်မှာဖြင့်လည်း
ဂျောင်ဂုနဲ့သူနဲ့ကသင်တန်းချိန်ကမတူတော့ပါ။ English စာကျွမ်းတဲ့ဂျောင်ဂုက
အဆင့်တက်သွားပြီးတစ်ခြား‌ေဘးအခန်းမှာသာသင်ရတော့သည်။ မတွေ့ဖြစ်တာလည်းနည်းနည်းကြာလောက္မည်။

အပြင်မှာလည်းမတွေ့ဖြစ်။ဂျောင်ဂုဘက်ကလည်းထပ်ပြီးစကားပြန်မပြောတော့ ထယ်ယောင်းစိတ်ထဲအခက်တွေ့သွားတာသေချာပါသည်။
မျက်နှာမမြင်လည်း  " မင်းအဆင်မပြေရင် ရပါတယ်" ဆိုတဲ့စကားက မကြိုက်သွားတာအသိသာကြီးပါ။

အဘယ်သို့ဆို အပူလှိုင်းဖြတ်မယ်လို့သတင်းကမကြေညာထားတာကြောင့်ဖြစ်သည်။
လက်တွေ့မှာ ထယ်ယောင်းအိမ်ပြင်မထွက်ချင်တဲ့အကြောင်းက ရှိကိုရှိပါသည်။
ဂျောင်ဂုစိတ်ဆိုးလည်းဆိုးပါစေတော့ရယ်။

....

" မင်းအဖေ ဖုန်းဆက်တယ်ဂျောင်ဂု "

အမေ့စကားကိုအရေးမလုပ်ဘဲဖုန်းကိုသာလျှင် သဲကြီးမဲကြီးကြည့်နေသောဂျောင်ဂုရယ်ပါ။
ဂျောင်ဂုအမေ ဂျွန်ယူဟီးသည် အသံတိတ်သွားကာ
သူ့သားစိတ်ဝင်တစားကြည့်နေသောဖုန်းကိုစပ်စုမိတော့ message အချင်းချင်း ပို့ထားတဲ့ဟာကို
အပေါ်ရွေ့လိုက်အောက်ရွေ့လိုက်လုပ်နေပါသည်။

" မင်းရည်းစားတွေရနေတာလား "

" လန့်တာဗျာ အမေကလည်း "

Summer againWhere stories live. Discover now