-If You Need Me,-

740 77 3
                                    

" ဒီနေရာက ... "

" အင်း ... အဲ့ဒီနေရာ "

လမ်းထိပ်မှတည့်တည့်သွားပြီး ညာဘက်ကိုချိုးလိုက်ပါလျှင် ယူဂျင်းတို့ငယ်ငယ်ကကစားခဲ့သည့်ဘောလုံးကွင်းရှိပြီး ဘောလုံးကွင်းနှင့် ခပ်လှမ်းလှမ်းမှ လမ်းတစ်ဖက်တွင်တော့ ‌ဘတ်စကတ်ဘောကွင်းရှိပါသည် ။ ထို့ကြောင့် ယူဂျင်းက ကိုကို့အား ထိုနေရာသို့ခေါ်လာခဲ့ပါလျှင် တန်းကာမှတ်မိသွားဟန်ရသည့် ကိုကိုက ပြုံးလာခဲ့ပါသည် ။

" ဘောလုံးသမားလေးက ဒီကွင်းထဲက ပြေးထွက်လာပြီးတော့ လမ်းမပေါ်ထိတက်လာလို့ ‌ကိုယ်တို့ပစ်လိုက်တဲ့ဘောလုံးမှန်သွားခဲ့တာပေါ့ ။ "

ပြီးမှ ယူဂျင်းဘက်သို့ စောင်းငဲ့၍ကြည့်လာခဲ့ကာ ပထမဆုံးတွေ့ဆုံချိန်က အဖြစ်အပျက်တို့အား ပြန်ပြောင်း၍ပြောပြလာပါလျှင် ယူဂျင်းက ခေါင်းငုံ့၍ ရယ်လိုက်မိရင်းကနေ ခေါင်းကိုယမ်းလိုက်မိပါသည် ။

ပထမဆုံးအကြိမ် စပြီးမြင်တွေ့ဖူးသည့် အချိန်ကတည်းကပင်လျှင် ' ကိုကိုက သူ့အပိုင်ပဲ 'ဟု တထစ်ချသတ်မှတ်လိုက်မိသည်အထိကို ရပ်ကွက်ငယ်တစ်ခု၏ ခပ်ကျဉ်းကျဉ်းလမ်းမထက်တွင် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ နှလုံးသားကို တက္ကသိုလ်ကျောင်းသားကိုကိုက မသိလိုက်မသိဖာသာနှင့်ပဲ ယူဆောင်သွားခဲ့ပါသည် ။ အလားတူပင် တစ်ဖက်ကလူဘက်မှ သူ့ကို သိမသိမသေချာတာတောင်မှပဲ ယူဂျင်းက စာသင်နှစ်တစ်နှစ်လုံးကို ကိုကို့တစ်ယောက်တည်းကိုသာကြည့်၍ ဖြတ်သန်းလာခဲ့ရကာ ထိုအချိန်ကတည်းကပင် ယူဂျင်း၏အိပ်မက်ကလည်း ကိုကိုဖြစ်မှန်းမသိဘဲ ဖြစ်နေခဲ့ပါသည် ။

အဲ့ဒီအချိန်ကတည်းက ဆယ်ကျော်သက်‌တစ်ယောက်ရဲ့ စက္ကန့်ပိုင်းမှာ တစ်ခါပြောင်းနေတတ်တဲ့ မရေမရာအတွေးတွေကြားထဲမှာ သူက တကယ်ကို နှလုံးသားကလာတဲ့ ဆန္ဒတစ်ခုတည်းကိုပဲ အတည်ယူခဲ့တာပဲ ။ ပြီးတော့ ဆယ့်ခုနစ်နှစ်အရွယ်ဟန်ယူဂျင်းက ရည်မှန်းချက်လည်းကြီးခဲ့တယ် ။

မမျှော်လင့်ထားတဲ့ အခြေအနေနဲ့ တစ်ခါပဲတွေ့ဖူးခဲ့တဲ့ ကိုကို့ကိုမှမရရင် မဖြစ်ဘူးဆိုတဲ့ ရည်မှန်းချက်နဲ့ ကိုကို့နောက်ကို တကောက်ကောက်လိုက်ခဲ့တာ .... ။

You've reached the end of published parts.

⏰ Last updated: Mar 20 ⏰

Add this story to your Library to get notified about new parts!

If You Need Me, (규진)[COMPLETED]Where stories live. Discover now