~အစိမ်းသက်သက် ~
အပိုင်း(၁၅)
လမ်းမှာ ကိုယ့်အတွေးနဲ့ကိုယ်ပြန်လာလိုက်တာ နောက်ကနေ
ကားဟွန်းတီးသံကြားမှ လန့်ပြီး လမ်းဘေးသို့ကပ်လိုက်သည်။"ဟေ့ ကားလာနေတာမမြင်ဘူးလား....ပုံစံကြည့်တော့
ဘွားကြီးအိုပေါက်စပုံစံနဲ့..လျှောချင်နေပြီထင်တယ်..."တကူးတကနဲ့ ကားရပ်ပြီးတောင် ရန်တွေ့နေသည့် မျက်မှန်အနက်နှင့် ကားပေါ်ကလူ....
ပြူးကြောင်ကြောင်နဲ့ကြည့်နေတဲ့ ကောင်မလေးကိုကြည့်ပြီး
"ရူးနေတာထင်တယ်....ဒါမှမဟုတ် အ များ အနေတာလား...."
"အံမာ.....ရှင် စကားပြောတာလွန်နေပြီနော်....ကားစီးနိုင်တယ်ဆိုပြီး ကြီးကျယ်နေတာ...လမ်းကဖြင့်အကျယ်ကြီး ရှောင်သွားပါ့လား....သူကရူးနေတာများ လာပြီးတော့ "
"အော်....ဟား...စကားတော့ပြောတတ်သားဘဲ ဘွားကြီးအိုလေး..ဒါဆို ကျွန်တော်မျိုးဘဲမှားပါတယ်....ခွင့်ပြုပါဦးခင်ဗျ "
ကြွ ကြွ ဆိုသည့်မျက်နှာဘေးနှင့် သူ့ကို မျက်စောင်းထိုးနေလေသည်။
ချစ်စရာလေးဗျ......
ပြိုင်ကားအနီက ဝူးခနဲမောင်းထွက်သွားလေသည်။ ကိုယ်မှ ကိုယ့်အတွေးနဲ့ကိုယ်ပါဆို ဒီကြောင်တောင်တောင်ကောင်နဲ့က တမျိုး..ငါ့အတွေးတောင် ပျောက်သွားတယ်... တော်တော်ရှုပ်တဲ့လူ..
~~~
"နွားနို့လာပို့တာ.... စာကျက်ရတာ မောနေရောဘဲ..."
စာကြည့်စားပွဲနားရောက်လာတဲ့ နွားနို့ခွက်နှင့်အတူ ဦးဝဠာမှိုင်းက ဘေးနားကိုရောက်လာလေသည်။
"နွားနို့က ဒေါ်ကြီးတို့လာပို့လို့ရတယ်မလား...ရှင်ကဘာလို့လာတာလည်း..."
"ကိုယ်အားနေတာနဲ့ဘဲ လာလိုက်တာ.... ဒါနဲ့ အပြစ်ဒဏ်လျှော့ပေးလို့မရဘူးလား...."
"ဘာအပြစ်ဒဏ်လဲ..."
"အခန်းထဲလာအိပ်လို့မရသေးဘူးလား...ဟိုဘက်အခန်းမှာ ခြင်ကိုက်လို့... "

YOU ARE READING
~အစိမ်းသက်သက်~
Romansaဂတိတစ်ခုကြောင့် လက်ထပ်ခဲ့ရပေမယ့် အိမ်ထောင်ရေးက လုံးဝကို အစိမ်းသက်သက်ဖြစ်နေတယ်။