"မား ရာ သားဒီကလေးနဲ့လက်မထပ်ချင်ပါဘူး။
ရှောင်းကျန့်ဆူပုတ်စွာပင်မားကိုပြောမိသည်။ အဲ့ဝမ်ရိပေါ်ဆိုတဲ့ဟာလေးကငယ်ငယ်လေးကတည်းမှသူ့ကိုအရမ်းလိုက်ကပ်၏။ သူချုံချင်းကိုအိမ်လည်လာပြီဆိုရှောင်းကျန့်အကောင်းမနေရ။ ဆရာကြီးအထာနဲ့ရှောင်းကျန့်ကိုဟိုလူနှင့်မဆော့ရသည်လူနှင့်မဆော့ရဟု လိုက်လိုက်ပိတ်ပင်၏။ထို့ကြောင့်ရှောင်းကျန့်ကသူ့ထက်6နှစ်ငယ် သောဝမ်ရိပေါ်ကိုသဘောမကျပေ။
အခုရှောင်းကျန့်ကပေကျင်းမှာဖြစ်ပြီးပါးပါးနဲ့မားမားကချုံချင်းကနေရောက်လာပြီးသူ့ကိုနားချနေ၏။ အထူးသဖြင့်မားမားပင်။ အဲ့ဝမ်ရိပေါ်ဆိုတဲ့ကောင်ကိုမားမားကအရမ်းချစ် "သားရိပေါ် လေး သားရိပေါ်လေး"နှင့်ရှောင်းကျန့်မှာနားကြားမြင့်ကပ်၏။"ဟဲ့ အားကျန့်ရယ် မိဘကကောင်းလို့စီစဥ်ပေးတာကို။ပြီးတော့သားရိပေါ်လေးကအားကျန့်ကိုချစ်ရှာပါတယ်။ ကိုကို ကိုကိုနဲ့။ နင်ကသာကျောက်တုံးကြီးလိုလုပ်နေ။
"သူကသားကိုလိုက်ချုပ်ချယ်နေတာမားရာ သားသဘောမကျပါဘူး။
"ဟယ် ပြောနေရင်းမှ....
"ကိုကို့
"ဟယ် သားရိပေါ်လေး
ရှောင်းကျန့်မျက်ဖြူလှန်လိုက်မိသည်။ချီးထုပ်ကောင်ကရောက်လာပြီ
"မားမား ရောက်နေတာကြားလို့သားကလာတွေ့တာ
"ဟယ် ငါ့သားလေးကသိတတ်ရန်ကောဘဲ။
"ဟီးး မားမားသားလေ
ရှေ့မှတသားသားနဲ့တမားမားလုပ်နေသော မားနဲ့ဟိုကောင်ကြောင့်ရှောင်းကျန့်ကသားအရင်းလားဟိုကောင်ကသားအရင်းလားလို့တွေးမိသည်ထိပင်။
"သား ကိုကိုနဲ့အေးဆေးပြောလိုက်ဦး
မားသွားနားလိုက်ဦးမယ်နော်သားရိပေါ်လေး။"ဟုတ်ကဲ့မား
အိမ်အပေါ်ထပ်သို့မားတက်သွားသည်နှင့်ရိပေါ်က ရှောင်းကျန်ထိုင်နေသောဆိုဖာဖက်ကူးလာကာ ရှောင်းကျန့်ပါးလေးကို "မွ" ခနဲ့မြည်အောင်နမ်းလိုက်သောဝမ်ရိပေါ် ကြောင့်
YOU ARE READING
ကိုကို~~~လို့~~[Completed]
Fanfictionwyb"ကိုကို ရေ မောင်ဆာလို့ xz"ဆာရင်စားလေ wyb"ဟီးးအာ့ဆိုစားပြီနော် xz"အ့မင်းဘာလုပ်တာလဲ