Part 6

361 26 1
                                    

သည်လိုနှင့် ကျွန်မနှင့် အစ်မဟာ သူစိမ်းတွေဆန်လာခဲ့ပါတော့သည်။ အစ်မ သွားတတ်သည့်ကျောင်းရှိနေရာများကို ဆိုရှောင်သည်။ အစ်မက စာပေအဖွဲ့ထဲမှာပါလျှင်၊ကျွန်မက အားကစား အဖွဲ့ထဲသို့ ဝင်သည်။ အဲ့နေ့က ဖြစ်ချင်တော့ အစ်မက စာပေအဖွဲ့ထဲက ထွက်ပြီး အားကစားအဖွဲ့ထဲကို ရောက်လာသည်။ လူတိုင်းက အံ့ဩ ကြမည်မှာအမှန်ပင်။ ဘာလို့ဆို အစ်မလို စာမှစာ ဖြစ်နေတဲ့ သူတစ်ယောက်က အားကစားအဖွဲ့ထဲ ဝင်လာသည်ကိုး။ အစ်မကျွန်မတို့ အားကစားအဖွဲ့ထဲ ဝင်လာပြီးနောက်တစ်နေ့မှာပဲ ကျွန်မအဖွဲ့ထဲက ထွက်လိုက်သည်။ ပြီးတော့ လူအနည်းငယ်သာ ပါဝင်တဲ့ တစ်ကျောင်းလုံးရဲ့ သန့်ရှင်းရေး အဖွဲ့ထဲသို့ ပြောင်းလိုက်သည်။ ဘယ်သူမှ မလုပ်ချင်တဲ့ အဖွဲ့မို့လို  ဒီအဖွဲ့ ထဲကို အစ်မ ဝင်မည်မဟုတ်မှန်း ကျွန်မကြိုသိထားလို့ပါပဲ။

“ အစ်မ တွယ်တာ ဆရာသူရိန်က ကျောင်းအုပ်ကြီး ရုံးခန်းခန လာခဲ့ပါတဲ့”

“ ဟင်! Ok ok အစ်မလိုက်ခဲ့မယ် ညီမလေး”

ငါးတန်းကလေးတစ်ယောက်ကျွန်မကို လာခေါ်သဖြင့် ရုံးခန်းဆီသို့.....

“ ထိုင်ပါ သမီး”

“ ဟုတ်ကဲ့ ဆရာသမီးကိုခေါ်တာ ....”

“ ဟုတ်တယ် သမီး အားကစားအဖွဲ့ထဲ ပြန်ဝင်ဖို့ ဆရာပြောမလို့”

“ ဟို..ဟို‌ လေ...”

“ ဆရာသိပါတယ် သမီး၊ အဖွဲ့ထဲက တစ်ယောက်ယောက်နဲ့ အဆင်မပြေဖြစ်နေတာမလား”

“ အို အဲ့လိုတော့မဟုတ်ပါဘူး”

“ အဲ့ဒါဆို အဖွဲ့ထဲ ပြန်လာခဲ့ပါ သမီး၊ ဆရာ့မှာ တာဝန်ယူထားရတာ အများကြီးပဲ၊ ဆရာ့ကို အမျိုးသမီး volleyball နည်းပြ လုပ်ပေး‌ စေချင်‌တယ် သမီး”

“ သမီးမလုပ်!....”

“ ဆရာအရမ်းပင်ပန်းနေပြီသမီးရယ်၊ ခုလဲ အဖွဲ့ထဲက အားကိုးရဆုံးဖြစ်တဲ့ သမီးက ထွက်တော့ ဆရာတို့အဖွဲ့ နစ်နာတယ်လေ၊ ဆရာ့ကို ကူညီမယ်မလား”

“ ဟုတ်...ဟုတ်ကဲ့ ပါဆရာ”

သည်လိုနှင့်ကျွန်မ အားကစားအဖွဲ့ထဲ ပြန်ဝင်လိုက်သည်။ အစ်မနှင့်မျက်နှာချင်းမဆိုင်ချင်ပေမဲ့ အစ်မနှင့် ဆုံလိုက်တိုင်း ကျွန်မရင်ခုန်သံတွေ ထိန်းချူပ်ရခက်ဆဲ။

မြင့်မိုရ် ထက်မြင့်သောWhere stories live. Discover now