စမ်းရေလို အေး....( 1 )

266 9 3
                                    

ဇူလိုင်လရဲ့ မိုးစက်လေးတွေက သူ့တာဝန်အတိုင်း အဆက်မပြတ်ရွာသွန်းလျှက်ရှိနေသည်။ မြေပြင်က အခြေခံလူတန်းစားတို့သည်လည်း မိုးစက်များကို မျက်ကွယ်ပြုလျှက် သမုဒ္ဒရာ၊ဝမ်းတစ်ထွာ အတွက်ကြိုးစားရုန်းကန်နေကြလေသည်။ သို့သော် မိုးစက်များကို ပြစ်တင်ရေရွတ်ရင် ဒေါသထွက်နေသော လူကုန်ထံတစ်ဦးလဲရှိနေပေသည်။ BMW series 7 ကားပေါ်တွင်ထိုင်လျှက် နီဆွေဆွေနှုတ်ခမ်ဖူးဖူးလေးကို ကိုက်ထားလေသည်။ ညှို့အားပြင်းသော မျက်ဝန်းလဲ့လဲ့လေးတစ်စုံနှင့် ဖြူသွယ်သွယ်လည်တိုင်မှ သွေးကြောမျှင်လေးတွေဟာ ထင်ရှာနေလေသည်။

"တောက်" " ဒီမိုးကလဲရွာလို့ကိုမပြီးနိုင်ဘူး၊ ရန်ကုန်ရဲ့ မိုးရာသီကို တော်တော်လေးမုန်းလိုက်တာတာ၊ ဘယ်နေရာကြည့်ကြည့် ရေဗွက်တွေနဲ့ စိုစိစိနေရတာ စိတ်ပျက်စရာဘဲ"

"ဟင်း...."

သက်ပြင်းချသံနှင့်အတူ အလိုမကျမှုကိုမြည်တွန် တောက်တီနေသူကတော့ တခြားလူမဟုတ်ပေ သူမကတော့ Yangon City Endoscopy Center(အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆေးရုံ) ရဲ့ အားအကိုးရဆုံး နှင့် ပြဿနာအရှာနိုင်းဆုံး အစာအိမ်နှင့်အူလမ်းကြောင်း သမားတော် ဒေါက်တာ ယုမဒီ ဖြစ်သည်။ အရည်အချင်းရှိလို့သာ လူနာများသူဖြစ်ပြီး မဟုတ်မခံစိတ်နှင့် အပြောကြမ်းသူဖြစ်သည်။ ဆရာဝန် မျက်နှာလေးမြင်ရရင် ရောဂါတစ်ဝက် သက်သာပါတယ်ဆိုတဲ့ လူနာတွေထဲမှာ ‌ဒေါ်ယုမဒီရဲ့ လူနာတွေမပါပေ။ အလိုမကျမှုများစွားဖြင့် မောင်းလာသောကားလေးအား ဆေးရုံအတွင်းသို့ ချိုးကွေ့၍ဝင်လာသည်။ ဆရာဝန်းများရဲ့ ကားထားသော ကားပါကင်၌ နေရာလွတ်မရှိပေ။

"တောက်..... ငါ့ကားကိုဘယ်မှာထားရမှာလဲ၊ စည်းကမ်းမရှိ ကားနှစ်စီးရပ်ရမဲ့နေရာကို တစ်စီထဲပိတ်ရပ်ထားတာ ဘယ်ကဟာတွေလဲ"

ကဲ.... ဒေါ်ယုမဒီ ရဲ့ ‌တနေ့တာ ဒေါသလေးစတင်ပါပြီ။ ကားကိုလုံးဝ အရှိန်မလျှော့ဘဲ ညာလက်တစ်ဖက်ဖြင့်မောင်းလျှက် ကားပါကင်ကို ပတ်နေလေသည်။ ဘယ်လက်တစ်ဖက်က သူမရဲ့ Limitation ဖြင့်ထုပ်ထားသော Louis Vuitton LV အိတ်လေးထဲကိုလက်နှိုက်၍ နော်ဆုံးပေါ် ဖုန်းလေးကိုထုပ်၍ နံပတ်တစ်ခုကို ခေါ်လိုက်လေသည်။

You've reached the end of published parts.

⏰ Last updated: Mar 19 ⏰

Add this story to your Library to get notified about new parts!

စမ်းရေလို အေး.....Where stories live. Discover now