ကျွန်တော့်ရဲ့ဟီရိုခီ (Uni)

820 54 2
                                    

"ဘိုးဘိုး....ဒီဓာတ်ပုံထဲကလူကြီးကဘယ်သူလဲ..."

မြေးမလေးက အခန်းတံခါးတွန်းဖွင့်လို့ ကုလားထိုင်တွင် ငြိမ်ငြိမ်ကလေးထိုင်နေသည့်အဖိုးဖြစ်သူအနား ခပ်မြန်မြန်ပင်တိုးကပ်လာခဲ့၏။ ထို့နောက် တဖက်က ထိုင်ခုံအလွတ်တွင်ဝင်မထိုင်ဘဲ စိတ်လွတ်ကိုယ်လွတ်နှင့်သာ အဖိုးဖြစ်သူ၏ခြေရင်းနားကလေးတွင်ဒူးထောင်ဝင်ထိုင်လိုက်၏။ လပ်ကလည်း ခပ်တိုတိုဆေးရောင်ပြယ်နေသောအဖြူနှင့်အမဲလေးထောင့်အပြားလေးအား အဖိုးဖြစ်သူရှေ့ထိုးပြနေခဲ့၏။

၈၇ နှစ်ဟူသောအသက်က မသေးလှသည်ကြောင့် ငယ်ရွယ်စဥ်ကလိုမဟုတ်တော့သည့် မျက်လုံးမွဲမွဲများကို အားစိုက်လို့မှေးစင်းကြည့်လိုက်မိ၏။ အားမရသောတုန်ချိချိ အရည်တွန့်လက်များက လေးထောင့်အပြားလေးအား မြေးမလေးထံမှခပ်သာသာဆွဲယူလိုက်တော့၏။

အချိန်ကြာပြီဖြစ်သောကြောင့် အရောင်ပြယ်ချင်နေသောဆေးသားများက အဖိုးအို၏ အာရုံကိုပိုလို့စူးသိုပ်နေစေပြန်သည်။

"သမီး ဒီစာအုပ်ထဲကတွေ့တာ ပြီးတော့ အထဲမှာ ခြောက်ကပ်နေတဲ့ ပန်းခြောက်တွေနဲ့ရောနေလို့ ဓာတ်ပုံကိုပါထိခိုက်သွားမှာစိုးတာနဲ့ လွှင့်ပစ်လိုက်ပြီ..ပုံကတော့ကောင်းသေးတာမို့ ဘယ်သူလဲဆိုပြီးလာမေးတာ..ဟီး အထဲကလူကတော်တော်ကြည့်ကောင်းတာဘဲနော် အဖိုး..."

ထိုအခါ အဘိုးအို၏ မှေးစင်းကျနေသောမျက်လုံးများက အလင်းရောင်ဟက်သွားသကဲ့သို့ ဖြတ်ပြေးသွားကြလေသည်။

"အို...."

အံ့ဩမှုနှင့်အတူရေရွတ်လိုက်သည်မို့ ဘေးတစ်ဖက်ရှိမြေးမကလေးက ပိုလို့တောင်သိချင်မိသွား၏။

"အဲ့ပန်းခြောက်တွေကဘယ်မှာလဲ...အဖိုးကိုပြန်ပေးလို့ရမလား"

မူရင်ူအသံထက်ခပ်တုန်တုန်ဖြစ်နေသည့်အသံမှာ သူမအတွက် အနည်းငယ်ထူးစမ်းလို့နေပေသည်။

"အင်းအင်း သမီးသွားယူပေးမယ်နော်"

ပြောရင်း ကောက်မလေးကအခန်းပြင်သို့ တဖန်ပြန်ပြေးထွက်သွားလေသည်။သိပ်ကြာကြာမစောင့်လိုက်ရ..အခန်းထဲပြန်ပြေးဝင်လာသည့် မြေူမလေး၏လက်ထဲတွင် သေသေချာချာကိုင်ယူလာသည့် မဲတူးတူးအရာငယ်များ...။ မသိတဲ့သူကြည့်လျှင်ဒိအတိုင်းအမှိုက်တစ်စုဟုသာထင်ကောင်းထင်နိုင်ပေမဲ့ သေချာကြည့်လျှင် သူအဖိုးတန်စွာအမြတ်တနိုးနှင့်သိမ်းထားခဲ့သည့်ပိတောက်တစ်ခက်သာဖြစ်လေသည်။ အပွင့်နှင့်အရွက်တွေဟာ ကြွေကျကုန်ပြီး ပန်းဟုတောင်ယူဆရဖို့ခဲယဥ်းလွန်း၏။ ဟုတ်ပါရဲ့ နှစ်ပေါင်း၇၀တောင်ကြာခဲ့ပြီပေါ့...။ အရာအားလုံးမေ့ပြောက်ဖို့ကို အဲ့လောက်အချိန်ယူခဲ့ရပြီးမှ အခုတော့ အဲ့လူဟာ သူ၏ပျက်သီးနေသည့်နှလုံးသားတစ်နေရာတွင်ကိန်းဝပ်နေသည်တဲ့လား..။

Thingyan And HirokiWhere stories live. Discover now