တစ်ယောက်တည်း မဖြေရှင်းနိုင်သော ပုစ္ဆာ

1 0 0
                                    

2024ခုနှစ် ၊Marchလ ၊ 19ရက်......။

4:45PM....။

"ရှမ်းပြည်နယ် ဒေသကြီး တစ်ခုလုံးတွင် မတ်လ ၂၀ရက်နေ့မှ ၂၄ရက် နေ့အတွင်း မိုးရွာနိုင်ပါတယ် " ဆိုသော   Meteorological
Center တစ္ခုရဲ့ မိုးလေ ဝသသတင်းတစ်ပုဒ်အား ဖတ်ပြီး နောက် စိုင်းဆေဟန့် တစ်ယောက် သောက်လက်စ (Gold label) ဖန်ခွက် ကအားလက်စသတ်ပြီး ဆိုင်ပိတ်ရန် ပြင်တော့ သည်။

ဆိုင်မှ ဝန်ထမ်းလေး ပေးလာ‌ေသာပစ္စည်းစာရင်းစာအုပ်အား အံဆွဲ ထဲ ထည့်ရင်း ဆေးခန်း ကပို့လာ‌ေသာ ဆေးစာအုပ်နှင့်ဆေးစစ်ချက်အဖြေလွှာ ကို တုံ့ဆိုင်းစွာ ကောက်ကိုင်လိုက်သည်။
အဖြေလွှာကို ကြည့်ရင်း ပြောင်းလဲ သွားမည့်အမျိုးသမီးလေး၏ တုန့်ပြန်ချက်ကို စိုင်းဆေဟန့် တစ်ယောက် ရင်မဆိုင်ရဲပါချေ....။

အရာအားလုံး နှင့် အလဲအထပ်ပြုလုပ်ကာ
ရယူခဲ့ရသော အမျိုးသမီးဖြစ်သောကြောင့်တစ်ကြောင်း ၊ ဇနီးသည်၏ အတိတ်မှ စိတ်ဒဏ်ရာများ ၊ဇနီးသည်၏ အရာအားလုံးကို နှုတ်မှ ပြောမပြလျှင်တောင် နားလည်နေမိသူဖြစ် နေသည်အတွက် ကြောင့် ဆေးအဖြေလွှာအား ‌ပြောပြရန် ပို၍ တွန့်ဆုတ်နေမိသည်။

သည်အတိုင်း ဆေးအဖြေလွာ မရှိခဲ့သလို သာ နေရင်း နေ့ရက်တိုင်းအား ပုံမှန်းအတိုင်းပင်ဖြတ်သန်းကြဖို့ တကိုယ်ကောင်းဆန်စွာ တွေးကြည့်သည်။
အတွေးအတိုင်းပင် ဆေးအဖြေလွှာအား ကားမှန်တဝက်ချကာ အိမ်အပြန်လမ်းတစ်နေရာတွင် ပစ်ချ လိုက်သည်။

"ဟင့်အင်း ....မောင် ဆေးအ‌ ‌ေြဖလွှာ ယူဖို့ မေ့ခဲ့တယ် "
ဟုပင် ဇနီးသည်အား ပထမဆုံးအကြိမ်လိမ်ညာဖို့ ကြိုးစားလိုက်သေးသည်။သို့ပေမဲ့ စိတ်က မရ။ကားစီယာတိုင်ကိုင်ထားသော လက်များက တောင့်တင်းနေကာ ဆေးစစ်ချက်အ ‌ေြဖလွာ မပါပဲ အိမ်ပြန်ဖို့ သူ၏လက်နှင့်ခြေက ခွင့်မပြုချေ။

ခေါင်းထဲမှ အတွေးပေါင်းများစွာ ကို ရိုက်ထုတ်မောင်းပုတ်ရန် စစ်ကူအနေဖြင့် မသောက်တာကြာပြီဖြစ်သော စီးကရက်အား နှုတ်ခမ်းဖျားတွင် တေ့ကာ မီးညှိလိုက်သည်။

အဆိပ်သင့်ပန်းဖြင့် သီသော GuitarWhere stories live. Discover now