အတိတ်မှ ရုန်းကန်ခဲ့ရခြင်းများ

0 0 0
                                    

ဇနီးသည်ရဲ့ စကားထဲမှ သူ့အပေါ်ထားသော စစ်မှန်မှုကို ခံစားမိတာကြောင့် အမျိုးသမီးလေးဟာ အတိတ်ကို ပြည်ဖုံးကား ချနိုင်သွား ပြီမှန်း စိုင်းဆေဟန့် သိလိုက်သည်။

အိမ်ထောင် သက်တမ်း 10နှစ် လား.....၊ အနှစ်20လား ....၊သူ့အမျိုးသမီးလေး ထံမှ စကားသံကို ကြားယုံမျှ နှင့် ဒီ‌ေတာအတွင်း သူလွတ်ချခဲ့လိုက်ရသမျှ သည် ထိုက်တန်ခဲ့ ကြောင်း သိလာခဲ့ရပြီ။

"ဆေးစစ်ချက် မပြော ခင်မှာ မောင်ငယ့်ကို မေးစရာရှိတယ်ငယ်။ငယ်ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ငယ်ဆုံးဖြတ်ချက်ဟာ အတည်ပဲ.....၊ယုတ်စွာအဆုံး ကိုယ်မျှော်လင့် ချက်ထားနေမိရင်တောင်
ငယ် ဆန္ဒမရှိခဲ့ဘူးဆို မောင် ရှေ့ဆက်မတိုးဘူး....၊ဟိုးအရင်က စ ခုချိန်ထိ မောင့်ဘဝမှာ ငယ် တစ်ဦးတည်းပဲ ရှိပါတယ် ...."

"ငယ်အရင်တုန်းက လိုမျိုး ငယ့်ဘဝထဲကို တစ်စုံတစ်ယောက် ဝင်လာမှာကို ကြောက်နေသေးလား ဟင် ...."

"အရင်က ငယ် တစ်ခါ ပြောဖူးတယ် ၊ငယ် ငြောင်လေး တစ်ကောင်ကို  လမ်းဘေးကနေ ကယ်ခဲ့တုန်းကလေ၊ ငယ်က ကြောင်လေးတွေ ခွေးလေးတွေကို အရမ်း ချစ်ပေမဲ့ ငယ်အမြဲတမ်း နီးကပ်အောင် မနေဘူး...."

"အဲဒီကြောင်လေးက အမွှေးဖွားဖွားလေး နဲ့ သူ့မှာ မီးခိုးရောင် မျက်လုံး ‌တွေရှိတယ် ...၊ငယ်သူ့ကိုကြည့်နေရတာ ကြိုက်ပေမဲ့ သူ့ကိုဘယ်တော့မှ ပွေ့ဖက်လေ့မရှိဘူး..၊
"နောက်တော့ ငယ်က သူ့ကိုမွေးစားမဲ့သူကို ကိုယ်တိုင်ရှာပြီး အစာခြောက် တွေ၊အစာစိုတွေ ၊ကြောင်သဲတွေ ၊ကြောင်အိပ်ရာလေးတွေပါ ဝယ်ပေးလိုက်တယ် ...၊ငယ်ဒီလောက်ချစ်ရဲ့သားနဲ့ ကြောင်လေးကို တခြားသူလက်ထဲ ပေးပစ်လဲ မောင် စဉ်းစားမရဘူး...၊ကြောင်လာခေါ်တဲ့ အမျိုးသမီးက မေးတော့ ငယ် တုန့်ဆိုင်းမနေပဲ ဒီလိုဖြေတယ် ...."
"ကျွန်မဘဝထဲကို တစ်စုံတစ်ယောက် ဝင်လာမှာကို အကြောက်ဆုံး ပါပဲ "တဲ့ ..၊
"ကျွန်မက အမြဲအတွေးတွေနဲ့ နေသားတကျရှိတယ် ၊တကယ်တော့ အိမ်မွေးတိရိစ္ဆာန်ဆိုတာလဲ သားသမီးလို ပါပဲ..၊ ဒီလိုကလေးတွေကို ခဏတာ စိတ်အပန်းဖြေ  ယုံလောက် နဲ့ ကျွန်မဘေးမှာ မထားချင်ဘူး၊ကျွန်မက ကျွန်မကို မနှစ်သက်တဲ့ ကျွန်မကလဲ မနှစ်သက်တဲ့သူတွေရဲ့ဘေးမှာ အချိန်ကြာကြာနေခဲ့ရတာမို့ သူတို့စရိုက်လက္ခဏာဆိုးတချို့ဟာလဲ ကျွန်မအပြုအမူတိုင်းမှာ သူတို့နဲ့တူတယ်

You've reached the end of published parts.

⏰ Last updated: Mar 20 ⏰

Add this story to your Library to get notified about new parts!

အဆိပ်သင့်ပန်းဖြင့် သီသော GuitarWhere stories live. Discover now