🌧''အလင်းမဲ့...ကောင်းကင်''🌧
တတိယပိုင်း''ဟဲလို...မမစု...'
''နိုးပြီလားခြံတံခါးလာဖွင့်ပေးအုံး...''
.ယိမ်းအိပ်ချင်မူးတူးဖြင့်....''အာစောစောစီးစီးဘာလာလုပ်တာလည်းမမစုရာ...''
''အချိန်ကိုကြည့်အုံးမနွဲ့ယိမ်းသာရယ်...ထထအချိန်မရှိဘူး...အမြန်လာခဲ့''
ယိမ်းဖုန်းပိတ်ပြီး...ခြံတံခါးသွားဖွင့်ပေးလိုက်ရသည်။
မမစုကသုံးဆင့်ချိုင့်လေးကို...စာပွဲပေါ်မှာတင်ပြီးဖွင့်ရင်း...''ဟင်းလာပို့ပေးတာ...စားချင်မလားလို့...မှုိနဲ့ကန်စွန်းရွက်ကြော်...ကြက်သားဟင်း...ငရုတ်သီးထောင်း...''
ယိမ်းဟင်းချိုင့်လေးကြည့်ကာ...မျက်နှာ...ရှုံ့လိုက်တာကြောင့်...မမစုက...မျက်စောင်းထိုးကာ...
''မကြိုက်ပြန်ဘူးမဟုတ်လား...''
''မမစုဟင်းကိုလည်းကြည့်အုံးလေ...မှိုနဲ့ကန်စွန်းရွက်ကြော်ကလည်း...ဆီတွေများတာ...ပြီးတော့...ကြက်သားဟင်းကလည်းဆီတွေနဲ့အရောင်ကရဲတောက်လို့...''
ယိမ်းကတကယ်ပင်....ဆီများတာမကြိုက်သလို...ဟင်းထဲကိုအရောင်တင်တအားသုံးပြီးချက်တာကိုလည်းမကြိုက်ချေ။
''ယူလာမိတာကိုမှားတာ...ရှင့်အကြောင်းကိုသိရဲ့...''.
မမစုစိတ်မကောင်းသလိုပြောတာကြောင့်...ယိမ်းအရမ်းအာနာသွားပါသည်။''မမစုချက်တာမို့လား..အာ့ဆိုစားကောင်းမှာပါစားမယ်ယိမ်းရေချိုးပြီးရင်....''
ထိုသို့ပြောလိုက်မှမမစုမျက်နှာလေးဝင်းသွားကာ...
''အဲ့ဒါ ဆိုချိုး...ထမင်းကယူလာဖို့မေ့သွားတယ်..ချကိထားလိုက်မယ်...''
''ဟုတ်မမစု...ဟိုဆန်ကိုရေ...ကြည်သွားတဲ့အထိဆေးနော်....''
''အောင်မယ်လေး...ကျွန်မသိပါတယ်ရှင့်...ချိုးမှာသာချိုးပါ...ထမင်းမာလည်းမမာစေရပါဘူးနော်''
''ပြီးရော...''
ယိမ်းရေချိုးနေစဥ်စုစုဝေ....ထမင်းအိုးတည်ကာ...ယိမ်းအဝတ်များကိုယူပြီးမီးပူတိုက်နေမိသည်။
ယိမ်းကဘီယာအရက်တာသောက်တတ်ပေမဲ့...ဖြစ်သလိုတော့မနေချေ။ဧည့်ခန်းမီးဖိုချောင်အိပ်ခန်းများမှာအမြဲသန့်ရှင်းသပ်ရပ်...နေပါသည်။
ထမင်းအိုးမီးတတ်သည်အထိ...ယိမ်းတစ်ယောက်ရေချိုးလို့မပီးသေးချေ။
စုစုဝေ...မီးပူတိုက်ပြီးသားအဝတိများကိုဗီရိုထဲထည့်ကာ...ယိမ်းအတွက်ထမင်းစားဖို့ပြင်လိုက်သည်။
YOU ARE READING
အလင်းမဲ့...ကောင်းကင်
Romance''ဆုံဆည်းမှုဟာ...သိပ်နောက်ကျခဲ့လေတော့....စွန့်လွှတ်ဖို့ဖြစ်လာရပြန်တယ်''