1

329 50 18
                                    

မြင်မြင်ချင်းအချစ်ဆိုတာ ယုံလား? မြင်မြင်ချင်းအချစ်...

အရမ်းလွယ်ကူလွန်းတဲ့ ခံစားချက်မျိုးလို တင်စားရမှာ မနှစ်သက်။ သူ့အပေါ် ထားတဲ့ မေတ္တာတွေကို မြင်မြင်ချင်းအချစ် ဆိုပြီး လွယ်လွယ်ကူကူ ခေါင်းစဉ်တပ် မသက်မှတ်ချင်။ လူတွေက ချစ်ခြင်းမေတ္တာတရားကို လွယ်လွယ်ကူကူခေါင်းစဉ်တပ်တတ်ကြပေမယ့်လို့ တကယ့်ချစ်ခြင်းမေတ္တာတရားက ဘာလဲဆိုတာတော့ ကိုယ်တိုင်မကြုံဖူးမချင်းမသိနိုင်။ မြင်မြင်ချင်းအချစ်ထက်လေးနက်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို တင်စားရမည်ဆိုလျှင် မည်သို့တင်စားခေါ်ဝေါ်ထိုက်သနည်း။ သူတို့နှစ်ယောက်အတွက်တော့ တွေ့ဆုံမှုက မြင်မြင်ချင်းအချစ်မဟုတ်ခဲ့တာ သေချာ၍ ။

"အားလုံးဘဲ ဒီနေ့ မင်းတို့ရဲ့ သူငယ်ချင်းအသစ်ကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြပါဦး"

"ယေး...!!"

*ဖြောင်း ဖြောင်း ဖြောင်း*

ဆူညံပွက်သွားတဲ့လက်ခုပ်သံသေးသေးလေးတွေကြားထဲ မူကြိုကို သူငယ်ချင်းအသစ်ရောက်လာတဲ့အတွက် သူကတော့ အပျော်ကြီးပျော်ကာ ယုန်သွားသေးသေးလေးနှစ်ချောင်း ထင်းနေအောင်ပေါ်အထိ ရယ်နေ၏။ သူငယ်ချင်းအသစ်ရောက်လာလို့ သူကပျော်နေပေမယ့် ငိုမဲ့မဲ့နဲ့ မျက်ရည်တွေရွှဲသည်အထိငိုထားပုံရတဲ့ အသစ်ရောက်လာတဲ့ ကလေးလေးက မျက်လုံးဝိုင်းဝိုင်းလေးတွေ ပေကလပ် ပေကလပ်နှင့်။

"သူငယ်ချင်းကို ဖော်ဖော်ရွေရွေဆက်ဆံရမယ် သူငယ်ချင်း အချင်းချင်းခိုက်ရန်မဖြစ်ပွါးရဘူးဟုတ်ပြီနော်က​လေးတွေ"

"ဟုတ် တီချယ်!"

"JeongHani လေးက ဟိုဘက်နားမှာသွားထိုင် သားရေ သူငယ်ချင်းကို ခေါ်လိုက်ပါဦး"

"ဟုတ် ဟုတ်"

"ငါတို့ကလေးလေးက လိမ္မာလိုက်တာ..အသစ်ရောက်လာတဲ့ သူငယ်ချင်းကို ဂရုစိုက်ပေးလိုက်ဦးနော်"

နှစ်ယောက်တစ်တန်းအတူတူထိုင်ရတဲ့ ခုံတန်းလေးတစ်ဖက်ကို လွယ်အိတ်လေးဖယ်ကာ အစွန်ဆုံးအထိတိုးပေးပြီး လာထိုင်ဖို့ လက်သေးသေး ကစ်ကစ်လေးနဲ့ ခုံကိုပုတ်ပြ၏။ သိုးမွှေးဦးထုတ်အဖြူလေး လုံနေအောင်ဆောင်းထားတဲ့အပြင် အင်္ကျီနဲ့ဘောင်းဘီကပါ ဝမ်းဆက်အဖြူလေးဖြစ်နေတာကြောင့် လုံးလုံးတုတ်တုတ်လေးဖြစ်နေသည်။ သူက သွားသေးသေးလေးနှစ်ချောင်းပေါ်သည်အထိရယ်ပြတော့ သူငယ်ချင်းအသစ်က မျက်ရည်ရွှဲနေတဲ့ မျက်လုံးဝိုင်းဝိုင်းကြီးနဲ့ ကြောင်ကြည့်၏။ သူငယ်ချင်းအသစ်ကိုကြည့်ရတာ ဝမ်းနည်းနေပုံပေါ်တာကြောင့် သူကဘဲအရင် လက်ကလေးဆန့်ထုတ်၍

Decades With YouWhere stories live. Discover now