𝙊𝙣𝙚 𝙎𝙝𝙤𝙧𝙩 ( 𝙐+𝙕 )

248 42 0
                                    


[ 𝑺𝒐𝒏𝒈 𝒓𝒆𝒄𝒐𝒎𝒎𝒆𝒏𝒅𝒆𝒅 »  firdhaus farmizi 阿拉斯加海湾 ]

ဆိတ်ငြိမ်ရပ်ကွက်တစ်ခုထဲသို့ ကားဖြူလေးတစ်စီးက တငြိမ့်ငြိမ့်မောင်းနှင်၍ဝင်လာသည်။

ထိုကားအဖြူလေးက အိမ်တစ်အိမ်ရှေ့အရောက်ရပ်သွားပြီး ကားပေါ်မှလူငယ်လေးတစ်ယောက်ဆင်းလာကာ ခြံတံခါးကိုသော့ဖြင့်ဖွင့်လိုက်၏။

ထို့နောက် ကားပေါ်ပြန်တက်ကာ ခြံထဲသို့မောင်းနှင်၍ဝင်လာသည်။

ကားပေါ်ကဆင်း၍ အိမ်ကြီးကိုမော့ကြည့်လိုက်ပြီးနောက် သက်ပြင်းမောတစ်ခုချကာ ကားနောက်ခန်းမှ Luggageကိုသွားယူကာ အိမ်ထဲသို့ဝင်ခဲ့လိုက်၏။

ဆိုဟီးက တက္ကသိုလ်တစ်ခုမှဘွဲ့ရတစ်ယောက်ဖြစ်ကာ လက်တလော အလုပ်ရှာနေသူတစ်ဦးဖြစ်သည်။

Broken family တစ်ခုက ကလေးတစ်ယောက်ဖြစ်တာကြောင့် ဆိုဟီးက အထီးကျန်ဆန်ပြီးတစ်ယောက်ထဲသာသိုသိုသိပ်သိပ်နေတတ်သည်။

အဖေနဲ့ အမေက နောက်အိမ်ထောင်ကိုယ်စီနဲ့ ကိုယ်ပိုင်မိသားစုတွေရှိနေတာကြောင့် သူ့ကိုတစ်ယောက်မှဂရုမစိုက်ကြပါ။ သို့ပေမယ့် ပုံမှန်တော့ထောက်ပံ့ပေးကြပါသည်။

စီးပွားရေးအရလက်ထပ်ထားတဲ့အိမ်ထောင်ကနေ မွေးဖွားလာတဲ့သူ့ကို အဖေရောအမေရောက မချစ်ကြပေမယ့် ယခုနောက်အိမ်ထောင်နဲ့ရတဲ့ကလေးတွေကိုတော့ မျက်စိအောက်ကအပျောက်မခံတုန်အောင်ချစ်ကြပေသည်။ ရယ်ရတယ်မဟုတ်လား။

မိဘဆီက မေတ္တာဆိုတဲ့အရာကိုမရမှတော့ ငွေကြေးပကာသနတွေလည်းမလိုချင်တော့တာကြောင့် ကိုယ်ပိုင်အလုပ်တစ်ခုကို လက်တလောရှာဖွေနေရသည်။

မိဘတွေပေးထားတဲ့ အိမ်ကိုသော့ပိတ်ခဲ့ပြီး ဆိုးလ်ကအဖွားရဲ့အိမ်ကိုသာထွက်လာခဲ့သည်။

တော်သေးတာပေါ့ ဖွားဖွားရဲ့ဒီအိမ်လေးရှိလို့ မဟုတ်ရင် သူ့မှာနေစရာတောင်ရှိမှာမဟုတ်ဘူး။

ဖိုးဖိုးကလည်းအိမ်တွေခြံတွေကို မဆုံးခင်မှာသားသမီးတွေကိုအညီအမျှခွဲပေးခဲ့ပေးခဲ့ပြီး သူ့ကိုပါ ဂန်းနမ်ကအိမ်နှစ်လုံးအမွေပေးခဲ့တာမို့ အိမ်ငှားတင်ထားလိုက်သည်။

𝙁𝙖𝙣𝙩𝙖𝙨𝙮 𝙇𝙤𝙫𝙚  [ 𝑶𝒏𝒆 𝑺𝒉𝒐𝒕 ]Where stories live. Discover now