သာယာလှပပြီးပြည့်စုံတဲ့ မနက်ခင်းလေးမှာ အလွန်စိတ်လှုပ်ရှားနေသည့် ကောင်လေးတစ်ယောက် ရှိနေခဲ့သည်
Scholar ရပြီး Seoul မြို့ကိုပြောင်းလာခဲ့တဲ့ ဂန်ထယ်ဟျွန်းဆိုတဲ့ ကောင်လေးရဲ့ ပထမဆုံးကျောင်းသွားရက်လေးပေါ့
ယုံကြည်ချက်မရှိပေမဲ့ ကိုယ့်ကိုကိုယ်ပဲ အားပေးရင်းနဲ့ ကျောင်း၀တ်ဆုံလေးအား ၀တ်ဆင်ပြီး ထွက်လာခဲ့တယ်ကျောင်းရှေ့အရောက်မှာ ကျောင်းကြီးအား အလွန်အံ့အားသင့်စွာ မော့ကြည့်နေမိသည် ထိုစဉ်တွင် ကျောင်းထဲအပြေး၀င်လာခဲ့တဲ့ လူတစ်စုရဲ့ တွန်းတိုက်မှုကြောင့် ဂန်ထယ်ဟျွန်းဆိုသော ကောင်လေးမှာ လဲကျ၍ပင်ကျန်ခဲ့သော်လည်း ဘယ်သူမှအရေးမလုပ်လာမကူညီကြ
ထိုချိန်တွင်တွင် လမ်းလာခဲ့တဲ့ ဖြူဖြူဖွေးဖွေး လက်တစ်ဖက်
ထယ်ဟျွန်း နားမလည်စွာနဲ့ မော့ကြည့်မိတဲ့အခါ လှပစွာပြုံးပြရင်း လက်လေးကမ်းပေးနေတဲ့ ကောင်မလေးတစ်ယောက်
ထယ်ဟျွန်းထိုလက်လေးအား ဖမ်းကိုင်လိုက်ရင်း မတ်တပ်ရပ်လိုက်သည်" ကျေး..ကျေးဇူး တင်ပါတယ် "
" ရပါတယ် ငါက ချွဲမီယောင်းပါ မင်းနာမည်ကရော "
" ဂန်..ဂန် ထယ်ဟျွန်း "
" အော်..အသစ်လားဟင် ထယ်ဟျွန်းက "
" ဟုတ်ပါတယ် "
ခေါင်းကို လုံး၀မဖော်ပဲ အောက်ငုံ့ရင်းသာ စကားပြောနေသော ခေါင်းလုံးလုံးလေးနဲ့ ကောင်လေးအား မီယောင်းကြည့်ရင်း အသာပြုံးမိသည်
" ဘယ်အခန်းကလဲဟင် ထယ်ဟျွန်း "
" TN 5 ပါ "
" ဟုတ်လား ငါလဲ အဲ့အခန်းပဲ ဟိဟိ အတူသွားကြမလား "
" ဟုတ်..ဟုတ်ကဲ့ "
အသံကိုကြားရုံပဲ ခပ်တိုးတိုးပြောပြီး လွယ်အိတ်လေးလွယ် လွယ်အိတ်ကြိုးလေးကို ကိုင်ရင်းခေါင်းငုံ့ရင်းသာ လမ်းလျှောက်လာခဲ့မိသည်အခန်း၀သို့ ရောက်ရင်ပင် ခြေလှမ်းများ တွန့်ဆုတ်သွားခဲ့သည်
" ထယ်ဟျွန်းနား ဘာဖြစ်လို့လဲဟင် လာလေ "
" ဟုတ်..လာပါပြီ "
ခေါင်းငုံ့ရင်းသာ အတန်းထဲ ၀င်သွားပြီး လူမရှိတဲ့ ခုံတစ်ခုမှာ ၀င်ထိုက်လိုက်သည်
အတန်းထဲ ဆရာမ ၀င်လာချိန်မှာဆရာမ ၀င်လာချိန်မှာ