မိုးလင်းတာနဲ့ ထယ်ဟျွန်းတို့ ချက်ချင်းတန်းထလိုက်သည် ထိုချိန်၀င်လာတဲ့ အတွေးလေးတစ်ခု
** ဟိုတစ်ယောက်ကော ထနေပြီလားမသိ **
အရင်တုန်းကဆို မနက်တိုင်းသူကိုယ်တိုင်သာ အမြဲသွားနှိုးရသည့် ကောင်လေး အခုသူဘယ်လိုနေမလဲ တွေးကာပြုံးနေအိသည်အိပ်ယာမှထကာ စောင်လေးတွေခေါက် ခေါင်းအုံးလေးတွေ နေရာတကျစီပြီး သဘက်တစ်ထည်ကိုင်ကာ ရေချိုးခန်းထဲ ၀င်လာလိုက်သည်
ရေချိုးပြီး အ၀တ်စားလဲ ပြင်ဆင်ကာ အောက်ထပ်ဆင်းလာပြီး ပေါင်မုန့်လေးနှစ်ချပ် မီးကင်ကာ ယိုသုတ်ပြီး ကော်ဖီချိုချိုလေးတစ်ခွက်စားကာ မနက်စာကိုပြီးဆုံးလိုက်သည် ဘွားဘွားအတွက် မနက်စာ စွပ်ပြုတ်လေးချက်ပေးခဲ့ကာ အိမ်မှထွက်လာခဲ့လိုက်သည်ကျောင်းရောက်တော့ ကိုယ်တော်လေးက အရင်ရောက်နှင့်နေချေပြီ ထိုကောင်လေးဘေးသို့၀င်ထိုင်လိုက်သည်
Huening POV
မနေ့ညကတွေးထားတဲ့ အကြံကိုဒီနေ့ ဖြစ်မြှောက်အောင်လုပ်ဖို့ စောစောစီးစီးအိပ်ယာထလိုက်သည် နေ့ညကတွေးထားတဲ့ အကြံကိုဒီနေ့ ဖြစ်မြှောက်အောင်လုပ်ဖို့ စောစောစီးစီးအိပ်ယာထလိုက်သည်
ရေမိုးချိုး ပြင်ဆင်ကာ ဘာမှမစားပဲ ကျောင်းသားထွက်လာခဲ့လိုက်သည်** ဆံပွကောင်ရေ မင်းကိုအားနာပါတယ် ဒါမဲ့လုပ်မှဖြစ်မှာမို့ပါ **
ကျောင်းရောက်တော့ မျှော်လင့်ထားသည့်အတိုင်း ဆံပွကောင်လေး မရောက်သေးပါ
ခနကြာတော့ အပေါ်ကအဖြူရောင် ရှပ်အင်္ကျီလေးနှင့် အမဲရောင်ဘောင်းဘီနတိုထဲ အင်္ကျီလေးထည့်ကာ ခေါင်းလေးငုံ့ရင်း အတန်းထဲ၀င်လာသည့် ကောင်လေးထိုကောင်လေးအား ကြည့်ရင်း ဟျူးနင်းအားနာမိသည်
** အားနာပေမဲ့ မတတ်နိုင်လို့ပါကွာ ငါ့ကိုနားလည်မှာပါ **
သူဘေး၀င်ထိုင်လာတဲ့ကောင်လေးအား
" ဟို ဆံပွကောင် ငါ့ကိုဟိုအနောက်ခုံပေါ်က နာရီလေး ယူပေးပါလား ငါ့မေ့ခဲ့လို့ "
" ..... "
နားမလည်စွာနဲ့ အရောင်လက်နေတဲ့ မျက်၀န်းဝိုင်းဝိုင်းလေးတွေနဲ့ မော့ကြည့်လာတဲ့ ကောင်လေး