#3

346 65 16
                                    

မဖြစ်နိုင်ဘူးဆိုတာ တကယ်ရှိတယ်
ဥပမာ-ကိုကိုက ကျွန်တော့်ကိုအရမ်းဂရုစိုက်တာမျိုးပေါ့...

*********************************

*ကိုကိုနဲ့ ရန်ဖစ်ပြီးအိပ်ရတဲ့ညတွေကညတာရှည်လွန်းတယ်...ကိုကိုရောကောင်းကောင်းအိပ်ပျော်နေလား...ဂျင်ကတော့အဆင်‌မပြေဘူးကိုကို....အရမ်းလွမ်းတယ်...ကိုကို့ဆီပို့ဖို့ရိုက်ထားတဲ့စာတွေကို ကိုကိုအိပ်နေရင်အနှောင့်အယှက်ဖစ်မှာဆိုးလို့ပြန်ဖြတ်မိပြန်ပီ*

"ဘယ်လိုဖစ်နေတာလဲ ကျောင်းစတတ်ရမယ့်နေ့မှာ အားမရှိတဲ့ပုံစံနဲ့...ညကကျောင်းတတ်မှာသိရဲ့သားနဲ့ ဂိမ်းဆော့ပြန်ပီလား..."

"မဆော့ပါဘူးမေမေရယ်..သားသွားပီ..."

*ကိုကိုကလဲလာမချော့ဘူးနော်...စိတ်သာဆိုးနေတာ လာများချော့မလားဆိုပြီးမျှော်နေမိပြန်ရော...ဂျင်ကတကယ်ကိုအမှတ်မရှိတဲ့လူဘဲ...*

ဂျင်တယောက်ပျင်းရိစွာကျောင်းကိုသွားနေတုန်း...
ဖုန်းထဲmassageရောက်လာတယ်...

#ကလေး...ကိုကို့ကိုစိတ်ဆိုးနေတုန်းလား...ကိုကိုမနက်ပိုင်းအစည်းအဝေးရှိလို့လိုက်မပို့တော့ဘူးနော်...ညနေအပြန်ကျရင်ကိုကိုလာခေါ်မယ်နော်...ကလေးကျေနပ်သလောက်ချော့မယ်နော်...ချစ်တယ်ကလေး*

ဂျင်တယောက်စောနကမျက်နှာနဲ့မတူစွာပြုံးသွားတယ်....ပြီးတော့ပြုံးပြီးချက် ချင်းဘဲပြန်ပို့လိုက်တယ်...

#လာကြိုချင်ကြို မကြိုချင်နေ #

ဂျင်ကျောင်းခန်းထဲရောက်တော့...လွတ်နေတဲ့ခုံမှာထိုင်လိုက်တယ်...

"ကဲ အားလုံးဘဲ ပရောဂျက်အတွက်နှစ်ယောက်တစ်ဖွဲ့လုပ်ရမယ်...ကြိုက်တဲ့လူနဲ့နှစ်ယောက်တစ်ဖွဲ့ဖွဲ့ပြီးရင် နာမ်မည်စာရင်းလာပို့ကြ..."

*ငါဘယ်လိုလုပ်ရမလဲ...ဘယ်သူနဲ့မှမသိတာဘယ်လိုဖွဲ့ရမလဲ *

ဂျင်တယောက်တည်းအတွေးကမ္ဘာထဲရောက်နေတုန်း...ရင်းနှီးတဲ့အသံခပ်ချိုချိုလေးကိုကြားလိုက်ရတယ်...ဂျင်နောက်လှည့်ကြည့်လိုက်တော့

"ကျွန်တော်နဲ့တွဲလုပ်မလား...ကျွန်တော်တယောက်တည်းဖစ်နေလို့..."

Thorn Of LoveWhere stories live. Discover now