but his car isn't yours

1.4K 127 29
                                        

Jihoon ရဲ့ ဖုန်းကို ၉ကြိမ်မြှောက် ဆက်ပြီးနောက်မှာတော့ Soonyoung ဟာ စိတ်လျှော့လိုက်ပုံရပါရဲ့။

ဖုန်း Lockscreen ပေါ်က Jihoon ရဲ့ နောက်ကျောပြင်ပုံကို တစ်ချပ်ကြည့်ပြီးနောက် ဖုန်းကို ပိတ်လို့ စားပွဲပေါ် မှောက်အိပ်လိုက်တယ်။

Bar Counter က အေးစက်စက် ကြွေပြားအထိအတွေ့ကို ပါးတစ်ဖက်မှာ ခံစားရပြီး သူ့ဘေးနားမှာ ဖင်ကပ်သာကျန်တော့တဲ့ နီညိုရောင် အရည်ပုလင်းကြောင့် ဒီည သူတော်တော် သောက်ထားမိတာပဲဆိုတာ သတိထားမိတယ်။

Jihoon က အရက်နံ့ကို မုန်းတယ်။
အခုဆို သူ့ကိုပါ မချစ်ချင်တော့ဘူးထင်တယ်။

အချိန်ကို ကြည့်လိုက်တော့ ညဟာ သန်းခေါင်နားကို ကပ်နေပြီး ဒီအချိန်လောက်ဆို Jihoon ကတော့ သူ့ရဲ့ Studio မှာပဲ ရှိနေဦးမယ်။

နေ့လယ်မှာ choreography အသစ်အတွက် အဖွဲ့သားတွေနဲ့ ကတောက်ကစဖြစ်ခဲ့ပြီး စကားများခဲ့မိတဲ့ Soonyoung ဟာ အခုအချိန်မှာ စိတ်ရောလူပါ ပင်ပန်းနေခဲ့ပြီး အေးအေးဆေးဆေး အနားယူပစ်လိုက်ချင်တော့တာပဲ သိတယ်။

အရင်ကဆို Soonyoung အတွက် အိမ်ပြန်ချိန်တွေက တစ်နေ့တာမှာ အကောင်းဆုံး အချိန်တွေပဲ။
အလုပ်ဆင်းတဲ့အခါ သူဟာ Jihoon ဘေးမှာရှိနေပြီး။
အိမ်ပြန်လမ်းတွေမှာ သူ့ဘက်က ရောက်တတ်ရာရာတွေပြောတဲ့အခါ Jihoon ဟာ ပြုံးလို့ နားထောင်ပါလိမ့်မယ်။

အခုတော့ သူ့မှာ အိမ်ပြန်ရမှာ သိပ်ကို ကြောက်ရွံ့နေတော့တာပါပဲ။

တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အိမ်ပြန်လမ်းတွေကို သူ သိပ်မုန်းတယ်။

လူနှစ်ယောက်အတူ နေတဲ့အိမ်ဖြစ်နေပါလျက် လိုတာထက်ပိုပြီး အေးစက်နေတဲ့ အငွေ့အသက်တွေနဲ့။ မီးဖိုခန်းထဲက ရေခဲသေတ္တာထဲမှာ ရေသန့်ဘူးနဲ့ ဘီယာသံပုလင်းတွေကလွဲပြီး ဘာမှရှိမနေတာ။

နံရံပေါ်က နာရီလက်တံရွေ့သွားတဲ့ အသံကိုတောင် သိပ်ကျယ်တာပဲလို့ ခံစားစေမိတဲ့ အိမ်မျိုး။

Soonyoung ဟာ ဘယ်လို သတ္တိမျိုးနဲ့ ပြန်ရဲပါ့မလဲ။

ထို အိမ်ကို ပြန်ရောက်မှ တင်းထားသမျှ စိတ်တွေ လွှတ်ချမိမှာ သိပ်စိုးရိမ်တယ်။

His Car Isn't Yours Where stories live. Discover now