Part - III

165 18 5
                                    

ဆော့မက်ချူးတစ်ယောက် နေ့လည်ကအကြောင်းကိုတွေးရင်း ရင်ခုန်လွန်းလို့ ည ဘက် တော်တော်ညည့်နက်မှ အိပ်ဖြစ်တယ် ။

အဲ့မှာ ပြဿနာ က စတာဘဲ ညက နောက်ကျမှ အိပ်ဖြစ်တော့မနက် နောက်ကျမှ နိုးကော
မက်ချူး အိပ်ရာက နိုးနိုးချင်း နာရီကြည့်လိုက်တော့ ရှစ်နာရီခွဲနေပြီ ။

' ဟာ သွားပြီ ဒီနေ့ကိုကိုနဲ့ တစ်ရက်ပါဆိုမှ နောက်ကျနေပြီ အားးး မြန်မြန်လုပ်မှ '

ပါးစပ်က အဲ့လိုပြောရင်း အိပ်ရာပေါ် ကမန်းကတန်း ခုန်ဆင်းပြီး ကျောင်းသွားဖို့ မြန်မြန်ပြင်ဆင်ရတယ် ။
ဒီနေ့က ကိုကို နဲ့ ပထမ ရက်ဆိုတော့ ညစ်ပတ်နေလို့လဲ မဖြစ်ဘူးလေ အပြတ် ရွှိုင်း သွားရမယ် ဟုတွေးရင်း ရေချိုးခန်းထဲကိုဝင်လိုက်တယ် ။

မက်ချူး ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီးတော့ နာရီကြည့်လိုက်တော့ ကိုးနာရီ ကျော်နေပြီ ။ အဲ့တာနဲ့ မနက်စာတောင်မစားနိုင်ဘဲ ကျောင်းကို ဘဲ အပြေးလေ လာလိုက်တယ် ။
မက်ချူးအိမ်နဲ့ကျောင်းက သိပ်မဝေးတာမို့ စက်ဘီးနဲ့ဆို ဆယ်မိနစ်လောက်ဘဲနင်းရတယ်။
ကျောင်းကိုရောက်တော့ ကိုကို့ အတန်း အရှေ့ မှာ လုပ်နေကျအတိုင်းသွားစောင့် တယ် ။

ဒီနေ့မက်ချူးက အနက်တစ်ပိုင်းလုံးဘာသင်တန်းချိန်မှမရှိပေမဲ့ ကိုကို နဲ့ တွေ့ရမယ်ဆိုတဲ့စိတ်လေးကြောင့် လောနေတာရယ်။

ကိုကို့ အတန်းရှေ့ရောက်တော့ ဟော တွေ့ပါပြီ professor သင်တဲ့စာကို သေချာလိုက်နားထောင်နေတဲ့ ကိုကို။
ကိုကိုကလေ ဘယ်လိုဘဲကြည့်ကြည့် ချောနေကော။

ကိုကို့ ကိုကြည့်နေတုန်း ကိုကို က ဒီဘက်လှည့်လာတာတွေ့ တော့ မက်ချူး ပြုံးပြတာကို ကိုကို က စိတ်ညစ်သလို အကြည့်နဲ့ ပြန်ကြည့်လာတယ် ။ ကိုကို့ ဆီ က အဲ့လို အကြည့် ခံရတော့လေ မက်ချူး ရင်ထဲ ဆို့နင့်နင့်ကြီးရယ် ။

ဒါပေမဲ့ မက်ချူးဂရုမစိုက်ပါဘူး ဘာလို့ဆို ကိုကချစ်နေရတဲ့သူလေ အပြစ်မမြင်နိုင်ဘူး

နောင်ထပ် နာရီဝက် လောက်ထပ် စောင့်လိုက်တော့ အတန်းပြီးသွားပြီး အခန်းထဲကလူတွေထွက်လာကြတယ် ။

You've reached the end of published parts.

⏰ Last updated: Aug 16 ⏰

Add this story to your Library to get notified about new parts!

Just Call Me Baby !!Where stories live. Discover now