ညနေ၅နာရီကျောင်းဆင်းချိန်ရောက်သည်အထိ ဆေး နှင့်ရာသက်ပန်စကားမပြောဖြစ်ကြ။စိတ်ထဲ၌တစ်ခုခုအလိုမကျသလို ဖြစ်ကာနေရခက်နေဆဲ။ ဇက် ကအရှေ့၌ ဆိုင်ကယ်အရင်သွားထုတ်နေသည်မို့ ဆေး တစ်ယောက်ထဲသာအပြင်ကိုထွက်လာခဲ့လိုက်သည်။
ရာ တစ်ယောက်တည်းအခန်းထဲ၌ကျန်တော့သည်။ပစ္စည်းများကိုသိမ်းဆည်းနေသည်မှာ အခုထိမပြီးသေး။ဖုန်းအား အိတ်ထဲသို့ထည့်ရန်ပြင်နေစဥ် ဖုန်းလေးမှာမီးလင်းကာ ကိုကြီး သွေး မှဖုန်းခေါ်လာခဲ့သည်။
"ကိုကို ကျွန်တော်တို့သွားနေကျ မြစ်တံတားလေးကိုသွားကြရအောင် သွားချင်နေတာဆို"
အနီရင့်ရောင် ဆိုင်ကယ်လေးအားရပ်ရင်း ဇက်မှပြောလာသည်။
"ငါလိုက်ချင်ပေမယ့်သူတို့တွေက ဘယ်လိုလုပ်မလဲ"
နောက်၌ရပ်နေသော သက်တော်စောင့်များကိုညွှန်ပြကာ ဆေး သက်ပြင်းချလိုက်သည်။ဆိုင်ကယ်အနီရင့်ရောင်ပေါ်၌ ဟန်ပါပါ နေရာယူထားသော ဇက် မှာ ဆေး နဲ့အတူသွားဖို့အသင့်ဖြစ်နေဟန်။
ဇက် ဆိုင်ကယ်ပေါ်မှာထိုင်ရင်းနဲ့ပင် မိမိ၏ပါးချိုင့်ရေးရေးလေးနှစ်ဖက်နဲ့အတူ သွားတက်လေးတစ်ဖက်ပါအောင်ပြုံးလိုက်သည်။ဇက် ကောင်းစွာနားလည်သည်။ဒီသက်တော်စောင့်တွေ သွေးရောင်ရင့် အမြဲလိုလိုထည့်ပေးတတ်တာဟာ ဆေး ကိုတခြားလူနှောင့်ယှက်မှာကိုစိတ်ပူလို့မဟုတ်၊ မိမိ နှောင့်ယှက်မှာစိတ်ပူလို့သာဖြစ်သည်။
"ကိုကိုကလည်းတစ်ခါတည်းကို ကိုကြီး သွေး ကလည်း ကိုကိုဆိုဆူမှာမဟုတ်လောက်ပါဘူး။အခုသွားမှာကလည်း ညီအစ်ကိုတွေပဲကို ၊ကျွန်တော့်အနေနဲ့ ကိုကိုဘာမှမဖြစ်အောင် အဲ့ကောင်တွေထက်တောင်ကာကွယ်နိုင်သေးတယ်၊ကျွန်တော်နဲ့အတူလိုက်ခဲ့ပါနော်"
ဆေး ထိုနေရာအားသွားချင်နေတာမို့ ဇက် နဲ့အတူလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ကိုကို စိတ်မချရအောင်လည်း ဆေး တို့က ဇက် ပြောသလိုညီအစ်ကိုတွေပင်။
"အဲ့ဒါဆိုလည်းငါလိုက်ခဲ့မယ်"
ဆေး ဆိုင်ကယ်နောက်ကျောမှာနေရာယူလိုက်ပြီး ဇက် ပေးသော Helmet အားဆောင်းလိုက်သည်။ဇက် ရဲ့ ပခုံး၌ဆေးရဲ့ လက်ဖြူဖြူသွယ်သွယ်လေးအား တင်ထားလိုက်ပြီး နေရာတကျပြုပြင်ထိုင်လိုက်သည်။
YOU ARE READING
BRed Relationship
Fantasyအမှားလို့ခေါင်းစဉ်မတပ်ဘဲ အချစ်လို့ခေါင်းစဉ်တပ်ကြည့်ရအောင်။