" ဟျောင်း "
နောက်ဆုံးတော့ကျွန်တော်စောင့်မျှော်နေတဲ့ဟျောင်းရောက်လာပြီ။ အစွဲအလမ်းကြီးတဲ့ကျွန်တော့် အတွက်တော့ အမည်နာမ မရှိ၊ ရုပ်ခန္ဓာမရှိတဲ့ဘဝရောက်နေပေမဲ့လည်း ဟျောင်းအနားက တဖဝါးမှမခွာပဲ 3နှစ်လုံးလုံး အနားမှာရှိနေဆဲ။ အရမ်းပင်ပန်းနေတဲ့ပုံရတဲ့ ကျွန်တော့်ဟျောင်းက နောက်ဆုံးတော့ ဒီအခန်းထဲကိုရောက်လာခဲ့ပြီ။
ထပ်ပြီးမွေးဖွားလာရင်တောင် ပြန်တွေ့ဆုံဖို့မလွယ်တာမို့ ဒီအတိုင်းလေးပဲရှိနေချင်တာ ဟန်ဘင်းရဲ့တစ်ခုတည်းသောဆန္ဒပဲပင်...
ပြန်ပြီးမွေးဖွားလာခဲ့ရင်တောင် နွယ်ပင်တွေလို လက်ချောင်းချင်းချိတ်ပြီး ထားခဲ့ကြတဲ့ကတိတွေကို ဟျောင်းကမှတ်မိအုံးမှာတဲ့လား
" ဟျောင်းငိုနေတယ်.... "
ကျွန်တော့်ဟျောင်းက ငိုနေတယ်..။
ကျွန်တော်အမုန်းဆုံးအရာက ဟျောင်းမျက်ရည်ကျမှာကိုပဲ အထူးသဖြင့် ကျွန်တော့်ကြောင့်ပေါ့..မျက်ဝန်းညိုညို.... ခေါင်းလုံးလုံးလေး နို့နှစ်ရောင်အသားအရည်လေး ပါးဖောင်းဖောင်းလေး... ကျွန်တော်အရမ်းမြတ်နိုးတာ
နောက်ဆုံးအနေနဲ့ ကော်ဖီဆိုင်ထိုင်တုန်းက ဟျောင်းကပြောတယ်
" ဘာလို့အဲ့လောက်ထိကြည့်နေရတာလဲတဲ့ "
အမှန်တိုင်းဖြေခွင့်ရှိခဲ့မယ်ဆိုရင်" သိမ်းထားချင်လို့.. မေ့ပျောက်သွားမှာစိုးလို့ သိမ်းထားချင်မိတာမို့ " ဆိုပြီးတော့ဖြေမိမှာ...။ အတွေးလွန်တတ်တဲ့ ကျွန်တော့်ဟျောင်းက စိတ်မကောင်းဖြစ်လိမ့်မှာ ကြိုသိနေတာမို့ အရိုးသားဆုံး မုသားကိုဖြေခဲ့ရတယ်..။
တနေ့ ကျွန်တော်မရှိတဲ့လောကကြီးထဲမှာ ကျွန်တော့်မျက်ဝန်းတွေကို အမှတ်ရစေချင်ယုံပါ။ အိမ်ပြန်ရောက်တော့ နောက်ဆုံးအနေနဲ့ ဟျောင်းကိုတင်းကြပ်နေအောင် ဖက်ထားမိတော့ဟျောင်းက
" ဟန်ဘင်းအရမ်းထူးဆန်းတာပဲ "တဲ့၊
ဖြစ်နိုင်မယ်ဆိုရင် အကြာကြီးပွေ့ဖက်ထားချင်ပေမဲ့ ကျွန်တော့်ဟျောင်း အသက်ရှုကြပ်မှာစိုးတာမို့ ခနပဲထွေးပွေ့ထားမိလိုက်တယ်။ လုံလောက်ပါတယ်.... ဒီဘဝအတွက်ရော နောက်ဘဝအတွက်ရော။