Rainbow of the Dark
Episode 3မနက်လင်းတဲ့အထိ ကြိုးကိုအတွင်းခံလိုစည်းထားစဲဖြစ်သည်။ မနက် 7:30 လောက်မှာ ရဲမာန်ထူးနဲ့ ဖုန်းပြောဖြစ်ပြီး သူကဖြည်လိုက်တော့လို့ဆိုမှ ဖြည်ဖြစ်သည်။ ထိုနေ့ကလည်း ရုံးသွားရုံးပြန်ကို Choker လေးဝတ်သွားရသေးသည်။
ရုံးဖွင့်ရက်တွေမှာတော့ နှင်းဝတ်မှုန်ကော ရဲမာန်ထူးပါ Personal life မှာ အလုပ်ကိုယ်စီနဲ့မို့ မတွေ့ဖြစ်ကြဘဲ ဖုန်းနှင့် Social media များမှသာ ဆက်သွယ်ဖြစ်ကြသည်။ ကြိုးအတွင်းခံလေး ချည်ပုံချည်နည်းအပြီး နောက်တစ်နေ့မှာတော့ ရဲမာန်ထူးကာ နှင်းဝတ်မှုန်ကို body bondage လုပ်နည်းလေး ထပ်ပို့ပေးသည်။
Video ထဲကလို သပ်သပ်ရပ်ရပ်လုပ်နိုင်ဖို့အတွက်နှစ်ရက်လောက်ကြာသွားသည် ဆိုပေမယ့် အရင်က online ပေါ်မှာသာ မြင်ရနေကျ ပုံလေးတွေထဲကအတိုင်း ချည်နိုင်သွားတာကို ကျေနပ်မိသည်။ နောက်တစ်ရက်က စနေနေ့ဖြစ်သည်ဆိုပေ မယ့် ရဲမာန်ထူးက အလုပ်တစ်ခုရှိတာကြောင့် date မလုပ်ဖြစ်ဘဲ တနင်္ဂနွေ နေ့မှသာ ဒိတ်လုပ်ဖြစ်သည်။
မနက်က်ဆယ်နာရီမှာ တွေ့ဖို့ချိန်းထားတဲ့ ကော်ဖီဆိုင်လေးကို နှင်းဝတ်မှုန် ကိုးနာရီခွဲလောက်ကတည်းက ရောက်နေသည်။ 10နာရီမထိုးခင်လေးမှာ ရဲမာန်ထူး ရောက်လာသည်။ သူလည်း ကေ ်ဖီနှင့်ကိတ်မှာစားရင်း နှစ်ဦးသားစကားပြော ဖြစ်သည်။ စားလို့သောက်လို့ ပြီးတော့မှ
"ဝင်စရာ ရှိသေးလား။ ဒါမှမဟုတ်..... တန်းသွားကြမလား.
"ဘယ်မှ သွားစရာမရှိပါဘူး။ ရှင်စီစဉ်ထားသလိုဘဲ လုပ်ကြတာပေါ့"
"Ok"
သို့နှင့် ပိုက်ဆံရှင်းပြီးချိန်မှာတော့ ရဲမာန်ထူးရဲ့ကားနဲ့ပင် ကြိုတင်ရွေးချယ်ထား သည့် ဟော်တယ်တစ်ခုကိုသွားကြသည်။ ရဲမာန်ထူးနဲ့ ဟော်တယ်သွားတာ နှင်းဝတ်မှုန်အတွက် ပထမဆုံး အတွေအကြုံမဟုတ်သော်လည်း စိုးရိမ်မှုတွေကရှိနေ သေးသည်။
ဘယ်လိုဘဲ သဘောတူညီမှုတွေရှိနေသည်ပြောပြော။ ရဲမာန်ထူးက သူမရဲ့ limit တွေကိုမလိုက်နာရင် ဘယ်လိုလုပ်မလဲ။ သူမကို အခွင့်အရေးယူခဲ့ရင်ကော။ ပြီးတော့ ခြိမ်းခြေ။က်အန္တရာယ်ပြုခဲ့ရင်ကော ဟုတွေးကာပူပန်နေမိသည်။ ဘယ်လိုပဲ ပူပန်နေပါစေ။ နှင်းဝတ်မှုန်က သူမလုပ်နေတဲ့ ကိစ္စတွေကို ရပ်တံ့လိုက်ဖို့တော့ အစီအစဉ်မရှိပါဘူး