part-1🍂🌊

134 14 2
                                    

1965 ခုနှစ်၌ ပယ်လယ်ပြာထဲတွင် ရွက်လွှင့်နေသော သဘောတစ်စီး

"ကပ်ပတိန် နိုရာဝစ် "

ငါ သ‌ဘော ရွက်တိုင်ပေါ်မှာ အခြေအနေတွေကို စောင့်ကြည့်နေတုန်း လီယမ့်ရဲ့ ခေါ်သံကြောင့်...

"အမိန့်ရှိပါ လီယမ်"

ငါ ထိုသို့ ပြောကာ ရွက်တိုင်ပေါ်မှ အလျင်အမြန် ဆင်းလာလိုက်သည်...

"အမ်စီသ‌ဘောက ကျွန်တော်တို့ ပိုင်နက်ထဲကို လာရောက် ကျူးကျော် ကျက်စားနေပါတယ် ကပ်ပတိန် နိုရာဝစ်"

"အို တကယ်လား သူတို့တွေက ရှင်းရှင်းလေး ပြောထားတာကို နားမလည်ဘူး ထင်ပါရဲ့
ဘယ်လိုလဲ ‌လူကောင်းလို့ ပြောတဲ့ စိတ်ပျက်စရာ တိုင်းပြည်တွေ မင်းသားတေွနဲ့ ပူးပေါင်းလိုက်ပြီမလား"

ငါ ထိုသို့ ပြောလိုက်ပြီး လက်ဖဝါးမှာ ပေနေသည့် ဖုန်နုနုလေးတွေကို ခါလိုက်ကာ သုတ်လိုက်သည်...

"ဟုတ်ကဲ့ ပူးပေါင်းလိုက်ပါပြီ မကြာခင် ကျွန်တော်တို့စီ လာရောက် ဖမ်းစီးပါတော့မယ် စစ်ပွဲ ပြင်ဆင်လိုက်ရမလား"

ငါ ခပ်ဖွဖွလေးသာ ပြုံးလိုက်ပြီး

"ကိုယ့်လူတွေကို အနည်းဆုံး ဆယ်ယောက်အတိ ခေါ်ထား ဘယ်လက်ရုံးကိုရော ..မင်းလည်း လိုက်ခဲ့ရမယ်
တခါတည်း ရတနာလေးတွေ ရှာကြတာပေါ့"

ငါ ထိုသို့ပြောပြီးတာနဲ့ ငါ့ရဲ့ ကိုယ်ပိုင် အခန်းလေးစီသို့ ဦးတည်လိုက်သည်...

"အချိန်ကကော ကပ်ပတိန် နိုရာဝစ်"

"အင်းး ၁၃ နာရီ မင်း သိပါတယ်"

ညဘက်ပဲ သွားရမှာပေါ့...

ဒီခပ်တုံးတုံးကောင်တွေက မထိသင့်တဲ့ လူကိုမှ ပူးပေါင်းပြီး လာစကြတာလေ...

မင်းတို့က အစာချကျွေးမှတော့ အဆိပ် ပြန်ကျွေးပြီး နင်းချေပေးရမှာပေါ့...

အခန်းထဲသို့ ဝင်ပြီးတဲ့အခါ သစ်သားနံ့ဆေးလိပ်လေး‌ကို မီးခြစ်ဆံဖြင့် မီးညှိကာ ‌သောက်လိုက်သည်..

အင်းး သိပ်ကောင်းတဲ့ အရသာလေး...

ရေချိုးခန်းလေးထဲသို့ ဝင်သွားလိုက်ပြီး ရေစိမ်နေလိုက်သည်....

Captain Norawit Where stories live. Discover now