.END.

144 13 0
                                    

hyung ရှိခဲ့ဖူးတဲ့ အိမ်ကြီးဆီ Jiminနောက်တစ်ခါပြန်ရောက်လာခဲ့ပြီ။ ဒီတစ်ခေါက်ကတော့ စွန့်ခွာခြင်းဆိုတာမရှိတော့တဲ့ ပြန်လာခြင်းမျိုးနဲ့။

ခန့်ညားစွာတည်ရှိနေတဲ့ hyungရဲ့ပုံတူပန်းချီကားချပ်ကြီး ဘေးမှာ တစ်ချိန်က သူတို့နှစ်ယောက်ရဲ့ အမှတ်တရဖြစ်တဲ့ ပုံလေးကို ပန်းချီကားတစ်ခုအဖြစ်ပြောင်းလဲထားတဲ့ ကားချပ်တစ်ခုရှိနေတယ်။

Jimin ၏မျက်နှာထက် အပြုံးတို့ဝေဆာလျက်။

အလုပ်ကိုလည်း ဌာနပြောင်းပေးဖို့ပြောတော့ အထက်လူကြီးက အသာတကြည်ပဲပြောင်းခွင့်ပေးတယ်။

Jiminမှာ အလုပ်တစ်ခုတိုးလာတယ်။

အလုပ်ကပြန်လာရင် တစ်နေ့တာဖြစ်ပျက်ခဲ့သမျှကို hyungကို အကုန်ပြောပြဖြစ်တယ်။
ပင်ပန်းလာရင်လည်း hyungကို ရင်ဖွင့်ပြီး ပျော်စရာကိစ္စရှိခဲ့ရင်လည်း hyungကိုဝေမျှတယ်။

Jiminရဲ့တစ်နေ့တာမှာ အထီးကျန်ခြင်းဆိုတာမခံစားရ။ အနားမှာ hyungရှိနေသလို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းတယ်။

အနည်းဆုံး တစ်ပတ် နှစ်ခါလောက် hyungရဲ့ အုတ်ဂူလေးဆီသွားပြီး hyungကိုစကား‌တွေအများကြီးပြောဖြစ်တယ်။

နင့်နင့်နဲနဲလွမ်းလာပြီဆိုရင် ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေတတ်တယ်။ ငိုတော့မငိုခဲ့ဘူး။ hyungမှာသွားတဲ့အတိုင်း hyungရဲ့စကားကို နားထောင်ရမယ်။

" ဦးဦး "

အနားကိုရောက်လာတဲ့ ကလေးလေးတစ်ယောက်။ ထိုကလေးလေးက Jiminရဲ့မျက်ဝန်းတွေကို စိုက်ကြည့်နေတယ်။

" ဦးဦး ကို ပန်းပေးချင်လို့ "

လက်ထဲက နီရဲရဲနှင်း‌ဆီပန်းတစ်ပွင့်ကို ကမ်းတယ်။

" အယ် ! ကျေးဇူးပါဗျ "

Jimin ကြောင်သွားပေမဲ့ ကလေးလေးရဲ့ပန်းကို ယူလိုက်တယ်။

" ဦးဦးနာမည် ဘယ်လိုခေါ်လဲဟင် "

" ဦးဦးနာမည်က Park Jimin ပါ..ကဲ ပြောပါဦး ဦးဦးကို ဘာလို့ပန်းပေးတာလဲဆိုတာ "

" သား ဦးဦးကိုဒီမှာတွေ့တာ နှစ်ပတ်လောက်ရှိပြီ....သားစိတ်ထဲ ဦးဦးကပန်းကြိုက်တယ်ထင်လို့ ဒီနေ့တော့ နှင်းဆီပန်းရအောင်ပေးမယ်လို့ သားသားဆုံးဖြတ်ထားတာ "

-Wait for me come ~HOME~-(Completed)Where stories live. Discover now