Episode:1

249 22 2
                                    


ဒီနေ့ဆိုဖွားဖွားဆုံးသွားတာ6လကျော်ပြီး သူမမရှိတဲ့မနက်ခင်းတွေကိုလည်း ကျွန်တော်မုန်းမိသည်

ဖွားဖွားဆုံးသွားကတည်းက ကျွန်‌ေတာ်satangအိမ်မှာဘဲ‌ေနဖြစ်သည်
ထို့ကြောင့် ဒီနေ့တော့ဖွားဖွား‌နဲ့‌နေခဲ့တဲ့အိမ်ဟောင်းလေးဆီပြန်ရမည်

ကျွန်တော်ရေမိုးချိုးပြင်ဆင်လိုက်ပြီး ကားဖြင့်အိမ်ဟောင်းလေးဆီသို့ ထွက်လာခဲ့သည်

အိမ်ဟောင်းလေးကိုရောက်တာနဲ့သန့်ရှင်းရေးလုပ်ရန်အမြန်ပြင်ဆင်လိုက်သည် ဒီနေ့ဆိုင်လဲပိတ်ထားသည် အိမ်ဟောင်းလေးကိုသန့်ရှင်းရေးလုပ်ဖို့

အိမ်ပေါ်အိမ်အောက် တံပြက်စီးလဲကြမ်းတွေတိုက်သန့်ရှင်းရေးအကုန်လုပ်ပြီး အိမ်နောက်ဘက်ကိုသန့်ရှင်းရေးလုပ်နေတုန်း ကျွန်တော်အခန်းတခန်းကိုတွေ့လိုက်သည် ဒီအခန်းကိုကျွန်တော်တခါမှမမြင်ဖူးပါ အဖွားဒီအနောက်ဘက်ကိုမလာခိုင်းတာကြောင့်လဲပါမှာပေါ့

ကျွန်တော်အချိန်‌ဆွဲမနေတော့ဘဲ အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်
အထဲမှာဖုံမူန့်တွေနဲ့ပြည့်နက်နေပြီး ကြမ်းပြင်မှာလည်းကြွက်သေကောင်တွေကိုတွေရသည် အပုတ်နံ့ကလည်းတထောင့်ထောင့်နဲ့နှာခေါင်းထဲကိုတန်းဝင်လာသည်

ကျွန်တော်ရှေ့ကိုလမ်းဆက်လျှောက်သွားတော့

"အားးနာလိုက်တာ"

ဖုံမူန့်တွေနဲ့အခန်းကိုကောင်းကောင်းမမြင်ရတာကြောင့်ကျွန်တော် အရာတခုကိုဝင်တိုက်မိသွားသည်

"သေတ္တာကြီးဘဲ"

ထိုသေတ္တာကသော့မခတ်ထားတာကြောင့် ကျွန်တော်ဆွဲဖွင့်လိုက်သည်
သေတ္တာထဲမှာတွေ့လိုက်ရတာကတော့ ပန်းချီကားချပ်တချပ်နဲ့ရွှေရောင်ဘူးလေးတဘူး

ကျွန်တော့်စူးစမ်းချင်စိတ်ပြင်းပြလာတာနဲ့ ပန်းချီကားကိုလှန်ကြည့်လိုက်တော့သည်

"Wow....ဘယ်လောက်တောင်လှလိုက်တဲ့ပန်းချီကားလဲ"

ဗလတောင့်တောင့်နဲ့ယောင်္ကျားသားဆန်ဆန်ခန့်ညား‌သောမျက်နှာနဲ့ ရှေ့ဟောင်းအင်္ကျီဝတ်ဆင်ထားသောသူက ချစ်ဖို့ကောင်းသောမျက်နှာနဲ့ မိန်းမတွေအရူံးပေးရလောက်အောင် ဖြူဖွေးနှဖက်နေသောအသားရေနဲ့ကောင်လေးသူလည်းထိုနည်းသူစွာရှေ့ဟောင်းအင်္ကျီကိုဝတ်ဆင်ထားပြီး ဟိုလူကကောင်လေးအားပန်းပန်ပေးနေသောပုံဖြစ်သည်
"ဟင် ငါများအကြည့်မှားတာလားမသိဘူး ပန်းပန်ခံရတဲ့ကောင်လေးမျက်နှာကငါနဲ့ဆင်သလိုလိုဘဲ...ဟာ..မဟုတ်သာ ဖုံမူန့်တွေနဲ့ဆိုတော့ ငါအကြည်မှားတာပါ"

The last revenge (နောက်ဆုံးကလဲ့စားချေခြင်း)Where stories live. Discover now