Chapter-1

26 1 0
                                    

Unicode

"မုန့်လက်ဆောင်း......မုန့်လက်ဆောင်း"

"မုန့်လက်ဆောင်း"

"ရွှေရင်အေး မုန့်လက်ဆောင်း"

ငြိမ်းချမ်းမောင်အသံလာရာကိုလှမ်းကြည့်လိုက်သည်။အသားဖြူဖြူ၊ဒေါင်ကောင်းကောင်းနဲ့လူတစ်ယောက် တွန်းလှည်းတွန်းပြီးရွှေရင်အေး၊မုန့်လက်ဆောင်းရောင်းနေသည်။ရုပ်ဖြောင့်ဖြောင့်နှင့်ထိုလူသည်ဝတ်စားထားတာသန့်ပြန့်လို့ ရွှေရင်အေးသည်လို့ယုံရက်စရာမရှိ။ဝုကတ်ဆုိလားဘာဆိုလား မြန်မာလိုဆိုဝံပု‌ေလွညှပ်ဆိုတဲ့ဆံပင်ကေနဲ့ထိုလူကဂုတ်ပေါ်ကျနေတဲ့ဆံပင်ကိုမစည်းမနှောင်ပဲထိုအတိုင်းချကာနေပူကြီးထဲရွှေရင်အေးရောင်းနေသည့်မြင်ကွင်းမှာ အခြားသူတွေတော့မသိငြိမ်းချမ်းမောင်တော့သူ့အစား‌ေချွးပျံသွားသည်။ဘယ်နှယ့်ဗျာ မန္တလေးနေကြီးဒီလောက်ပူတာကိုထို‌အမျိုးသားမှာဆံပင်ဖားလျားနဲ့ဈေးရောင်းနေတာလသာနေတယ်များထင်နေသလားမပြောတတ်။

"မုန့်လက်ဆောင်း..."

"ရွှေရင်အေး မုန့်လက်ဆောင်း"

သူ့တွန်းလှည်းကမုန့်လက်ဆောင်းတစ်ခါအော်တိုင်း၊နောက်ကလူဆီမှ ရွှေရင်အေးမုန့်လက်ဆောင်းဆိုတဲ့အသံကကပ်ပါလာပြီးသားပင်။ငြိမ်းချမ်း‌ေမာင်မျက်ခုံးတွေတွန့်ချိုးသွားသည်။ဒီရပ်ကွက်မှာမုန့်လက်ဆောင်းရောင်းတာသူတစ်ယောက်သာရှိသည်။အခုလိုမျိုးသူနှင့်ပြိုင်ပြီးလိုက်ရောင်းသူရယ်လို့မရှိဖူးတာကြောင့် စိတ်ထဲချဉ်သွားသည်။ဒီတစ်ကျောလုံးကလည်း မုန့်လက်ဆောင်းဆိုရင်သူ့ဆီကပဲအားပေးကြသည်လေ။ယခုတော့ထိုအဖြူကောင်ရောက်လာတာမို့သူရောင်းအားကျတော့မည်။နေကပူပူကို လူကအတွေးနဲ့တင်ဒေါသထွက်လာသည်။တွန်းလှည်းမှာတပ်ထားတဲ့ စက်ကလေးဆီကနေ၂စဣန့်ခြားတစ်ခါလောက်မုန့်လက်ဆောင်းဟုအော်ရောင်းသံဟာလည်းတစ်လမ်းလုံးညံနေသည်။ထိုအသံနှင့်အပြိုင် နောက်တစ်သံလည်းအပါအဝင်ဖြစ်တာမို့ရပ်ကွက်လမ်းလေးဟာဒီ‌ေန့မှာ‌ေတာ့ပုံမှန်နေ့များထက်အနည်းငယ်ဆူညံနေသည်။

ထို့နောက်တွန်းလှည်းဆက်တွန်းနေရာ သူ့ဆီမှနေ့စဉ်မုန့်လက်ဆောင်းဝယ်နေကျမိစုစံတို့အိမ်ရောက်လာသည်။ဖောက်သည်ဖြစ်တဲ့မိစုစံကဂါဝန်ကြီးတကားကားနဲ့ဇလုံကိုင်ပြီးရပ်စောင့်နေသည်။ဈေးဦးပေါက်ပြီဟုကြံကာပျော်မယ်ရှိသေး မျက်လုံးတွေအရောင်တောက်ကာစောစောကရွှေရင်အေးသည်ဆီပြေးသွားသောမိစုစံကြောင့်သူ့မှာဇဝေဇဝါဖြစ်သွားရသည်။ထို့နောက်ရွှေရင်အေးသည်ဆီ‌ေစျးဦး‌ေဖာက်လိုက်တဲ့မိစုစံရဲ့ကြောင့်ဒေါကန်သွားရသည်။

ရွှေရင်အေး မုန့်လက်ဆောင်းWhere stories live. Discover now