'Good morning Zwe'
မျက်လုံးချင်းဆုံအောင်အသိအမှတ်ပြုတဲ့အနေနဲ့ လှမ်းကြည့်လာသည်။ သူစိတ်မကြည်နေတာလားဆိုတော့လည်းမဟုတ်ပါ။ သူကိုက အဲ့လိုပုံစံ။ Swan ညီလို့ မပြောရပါ အကြောတွေက ခပ်ကြီးကြီးနေကြသည်။
'မနေ့က မေမေ ရောက်လာတယ် အိမ်ကို'
'ဘာပြောသေးလဲ'
သူ့အမေရောက်လာတယ်ပြောမှ အဖတ်လုပ်ဖော်ရတော့သည်။ မေမေက Swan နဲ့အကြောင်းတွေလာပြောတာပေါ့ လို့ ပြန်မပြောနိုင်ပေ။ ဒီကောင်လေးစိတ်ခုမည့်ဖြစ်ရပ်မျိုး ကမ္ဘာပျက်ရင်သာလက်ခံလိုက်မည်။ မမ ကိုZweပဲယူမှာ ဆိုတဲ့ အချစ်ကြီးတဲ့ကောင်လေးကိုး။
ဘာမှမဟုတ်ပါဘူးလို့ ခေါင်းခါပြတော့ မျက်စောင်းလေးကထိုးသွားသေးသည်။ ချစ်စရာ အတိ။ ကိုယ့်မောင်အရင်းလို ပဲသူ့ကို ချစ်မိနေတာ။
'ဟော.... ဘယ်လိုဖြစ်'
'ကိုSwan ပြန်လာတော့မယ်'
နောက်တခေါက် ပြန်တိတ်ကျသွားသော အခန်း။ အဲ့အကြောင်းပါပဲ မေမေလာပြောသွားတာ။
'မ ကို ထားသွားမှာမဟုတ်ဘူး သိထားပေး'
ဒိန်း!တံခါးကိုဆောင့်ပြီး ထထွက်သွားသော သူ၏ကျောပြင်ကို ကိုယ်လည်းငေးကနဲပင် ကျန်ခဲ့ရသည်။ မေမေက Swan ပြန်လာရင် Zwe ကို နယ်ခြားပညာသင်လွှတ်ဖို့ လည်းလာပြောသွားသေးသည်။ Zwe ဘယ်တော့မှသွားမှာ မဟုတ်တာသိနေလို့ မေမေတို့နဲ့ ဘယ်လိုတွေပြောဆိုရလိမ့်မလဲ ဆိုတာ စိတ်ပူမိသည်။ မေမေသည် ဖတဆိုး သားနှစ်ယောက်ကို လူလားမြောက်အောင် ပျိုးထောင်နိုင်ခဲ့ပြီး သားလိမ္မာဖြစ်အောင်လည်း ဂရုတစိုက်ပျိုးထောင်နေဆဲဖြစ်သည်။
တွေးငေးနေရင်း ဖုန်းဝင်လာသည်။ တစ်မိုးအောက် Swan ပင်ဖြစ်သည်။
'ကိုSwan ဘာကိစ္စ'
'ကိစ္စရှိမှ ခေါ်ရမယ့်လူဖြစ်သွားပြီလား ကိုSwanက'
'အလုပ်များနေပြီးတော့ တချိန်လုံး'
'Sueလေး အတွက် ကိုSwan အလုပ်များရတာပေါ့ မဟုတ်ဘူးလား'Sueလေး လို့အခေါ်ခံရရင် တစ်နေ့လုံးချိုလုံးတွေပစ်ခံရပါပြီဆိုတာ သိလိုက်သည်။ ကိုSwan ဘယ်သူဘာပြောပြော Sueလေး
ဆိုရင် ထာဝရကိုSwan ပင်။ အရွယ်ရောက်စကတည်းက ကိုယ့်ချစ်သူ ဒီမြို့ထဲဘယ်လမ်းဝင်ဝင် မသိသူမရှိ။ Idol coupleဆိုပြီး လိုင်းပေါ်trend ဖြစ်ခဲ့တုန်းကလည်း ကိုယ့်မှာအရမ်းပျော်ခဲ့ရသည်။ အဲ့တုန်းကZwe တစ်လလောက်အဆက်အသွယ်ဖြတ်သွားခဲ့ဖူးသည်။ ကိုယ်မသိခဲ့တဲ့အချိန်တွေပေါ့။