အဲ့ချိန်ကစလို့ စနေ တနဂ်နွေဆို မေက သူ့အိမ်မှာ သွားပြီ အချိန်ပိုဆင်းတယ်ဘဲပြောရမှာပေါ့
မနက်၉နာရီဆို မေ သူအိမ်အရောက်သွားရတယ် နောက်ကျ ရင် အဆူခံရတဲ့အပြင် တစ်ခါတစ်လေဆို ထိုင်ထပါလုပ်ရတာမျိုးရှိတယ်
အဲ့အချိန်ကတည်းက မေ့က သူ့စကားကိုမလွန်ဆန်ရဲဘူး မေ့ကိုမေလဲထူးဆန်းတယ်ထင်ပေမဲ့ အဲ့လိုလုပ်ရတာကို ပျော်နေမိတယ်
တစ်ခါတစ်လေ ဆို အပြစ်ပေးခံချင်လို့ တမင်မှားလုပ်တာမျိုးတွေတောင်ဖြစ်လာတယ်
တစ်နေ့...
"မမ မေဒီစာရင်းနားမလည်လို့"
"လာ ဒီနားလာထိုင်"
"ရှင်-
"လာထိုင်လေ ဒီစာရင်းကအရမ်းရှုပ်တယ် ရှင်းပြရင်အချိန်ကြာမယ် တစ်ချိန်လုံးမတ်တပ်ရပ်နားထောင်မလို့လား"
"ဟိုလေ မေထိုင်ခုံလေးသွားယူ......."
"ကျစ် မေ အချိန်ကုန်တယ် ငါ့ပေါင် ပေါ်
လာထိုင်မြန်မြန်""ဟုတ်"
**ဝှစ်......အ**
သူ့အနားရောက်တာနဲ့ လက်ကိုဆွဲဖမ်းလိုက်ပြီး ပေါင် ပေါ် ထိုင်စေကာ ရှေ့က ကွန်ပြူတာကိုကြည့်ပြီး စာရင်းတွေကိုအေးအေးဆေးဆေးရှင်းပြနေပေမဲ့
ကျွန်မကတော့ စာရင်းကိုဂရုမစိုက်နိုင် မျက်နှာတစ်ခုလုံးပေါက်ထွက်မတက်ကို နီရဲနေလေသည်
အဲ့တာကိုဒင်းက ရုတ်တရက်
"မေ ကိုယ်မင်းကိုချစ်မိနေပြီထင်တယ်"
"ရှင်"
"မေ့ မျက်လုံးကို စေ့စေ့ကြည့်ကာ ကိုယ့်မင်းက်ုလိုချင်နေပြီ"
"မမ"
"ကိုယ့်မင်းကိုသဘောကျနေတာကြာခဲ့ပြီ
ကိုယ့်တို့စတွေ့ကထဲက ဖွင့်ပြောချင်နေခဲ့တာ""မင်းအသံ မင်းရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေ
နှုမ်းခမ်းဖူးဖူးလေးတွေက အရမ်းငါ့ကိုဆွဲဆောင်နေတယ်""အဲ့လောက်တောင်ကြိုက်ရင်ဘာလို့ မေ့ကို
နိုပ်စက်ရတာလဲ""ဟင် ဘယ်မှာနိုပ်စက်လို့လဲ"