ဒီနေ့နဲ့ဆို fourthကျောင်းတက်တာ၁လရှိနေပြီဖြစ်သည်။ ဇူလိုင်လပထမဆုံးစာမေးပွဲကနီးနေပြီဖြစ်တာမို့ ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ဖြစ်ဘဲ အိပ်လိုက် စားလိုက် စာလုပ်လိုက်နဲ့ရက်အတော်ကြာအောင်ရှိနေချေပြီ။
*အင်း... တစ်ယောက်သောသူနဲ့နောက်ဆုံးတွေ့ခဲ့တာကတော့ကျောင်းကန်တင်းရဲ့ထောင့်တစ်နေရာမှာပေါ့*
"ရှီးးးး"
ရုတ်တရက်ဝင်ရောက်လာတဲ့အတွေးတစ်ခုကြားfourthတစ်ယောက်ကိုယ့်ကိုကိုယ်သာပြန်ကျိန်ဆဲမိတော့သည် လူတစ်ယောက်ကိုစိတ်ထဲရှိဖို့နေနေသာသာတစ်ပတ်ပြည့်အောင်တွဲရင်ကိုပဲထိုသူမှာတော်တော်ကံကောင်းလှနေပြီ အခုလိုသူများအကြောင်းတွေးဖူးတာပထမဆုံးဆိုတော့နည်းနည်းတော့ရှက်မိသား အဟိ!
သို့ပေမယ့်ဘာရယ်မသိတွေးနေရင်းမှရင်ထဲလေးလံသလိုခံစားလာရတာကြောင့်မသိမသာမျက်လွှာချမိသည် သူများအမြင်မှာတော့တစ်ယောက်ထဲနေရင်းရှက်နေတဲ့fourthကိုရူးနေတာလားလို့ထင်ချင်ထင်နေပါလိမ့်မည် ဒါပေမယ့်သူကတော့တစ်ယောက်တည်းဖြစ်နေပေမယ့်လည်းရှက်သလိုကြီးခံစားနေရတာပါနော်
* ဘာလို့ရှက်နေမှန်းမသိတဲ့အခြေအနေတစ်ခုနဲ့ပေါ့ *
________________________________
ရက်သတ္တပတ်တစ်ခုလုံးတကုပ်ကုပ်ဖြင့်စာလုပ်ပြီးသကာလ စာမေးပွဲပထမဆုံးနေ့ကိုရောက်ရှိလာပြီဖြစ်သည်
ကျောင်းသားသစ်ဖြစ်တဲ့အပြင်စာတော်တဲ့ရုပ်ကလေးပုံပေါ်တာမို့ fourthခမျာနေ့မအိပ်ညမအိပ်အသည်းအသန်ကြိုးစားခဲ့ရသည် အဲ့လိုကြိုးစားခဲ့လို့ဆေးပုလင်းချိတ်ခဲ့ရသည့်ရက်ပေါင်းကလည်းမနည်းလှ
သူငယ်ချင်းfordကတော့စာကိုစိတ်မဝင်စားပဲ ၂၄နာရီတောင်မခံသည့်ရည်းစားလေးများနှင့်သာအချိန်ကုန်နေတတ်သည်
စာမေးပွဲပထမနေ့
Ai fourthhh...
"ဟမ်"
"ငါ့ကိုစာပြောပြပါဦးကွာ"
"ဘာကျေးဇူးရှိလို့ပြောပြရမှာလဲ"
"မင်းကလည်းကွာ အချင်းချင်းကို"
"အချင်းချင်းတွေဘာတွေမလုပ်နဲ့ စာမေးပွဲဆိုတာကိုယ်ကျက်ထားမှတ်ထားတာတွေကိုချရေးရတာကွ မင်းငါကျက်ထားတာတွေကိုကူးချပြီး ငါ့ဦးနှောက်ကိုလာမစားနဲ့ သကောင့်သား"
YOU ARE READING
Purple boy
FantasyRainbow is made up of violet ..🌈 My heart is bulid up with him ..🌼