two

6 2 1
                                    

အခုလိုအချိန်တစ်ခုမှာ ကျွန်တော့်မျက်၀န်းတွေကဝေဝါးနေခဲ့တယ် အဝေးကလာနေတဲ့ အရာတစ်ခုကိုသေချာမမြင်ရခဲ့ဘူး ဒါ့အပြင် ရီဝေဝေဖြစ်နေတဲ့စိတ်ဟာပိုလို့တိုးလာခဲ့သည်အဝေးကလာနေတဲ့အရာကအနီးကိုရောက်လာခဲ့တော့တုန်ယင်ပြီးထိတ်လန့်ခဲ့ရသည်

“ ခွင့်လွှတ်ပါ kook နင့်အမှားမဟုတ်ပါဘူး ကိုယ့်ကိုအပြစ်မတင်ပါနဲ့ ”

“ မဟုတ်ဘူး! ငါ့အမှားတွေပါ ထွက်မသွားပါနဲ့”

“ ပျော်ရွှင်စွာ‌နေရစ်ခဲ့ပါ kook ”

“ မဟုတ်ဘူး.....ငါ့အနားကထွက်မသွားပါနဲ့ nami ငါ့ကိုလှည့်ကြည့်ပါအုံး ”

သူမကိုလှမ်းခေါ်နေပေမယ့် တစ်ချက်တောင်လှည့်မကြည့်ပဲ ထွက်သွားသူ ရုတ်တရက် နှလုံးကအောင့်တက်လာပြီး အသက်ရှုရခက်လာခဲ့သည်ထိုအချိန်မှာတစ်ယောက်ယောက်ကကျွန်တော့်ကိုလှမ်းခေါ်ခဲ့သည်

“ အကိုလေး ထပါအူံး...... အကိုလေး ”

“ ဟတ် .......ဟတ် ........ဟတ် ”

“ အကိုလေး!!!! ”

ထိုအော်သံကြောင့်ရုတ်တရက်နိူးလာပြီးဘေးနားကသူမကိုတင်းကျပ်စွာဖက်ထားမိတော့သည်

“ nami ငါ့နားမှာနေပေးပါနော် ”

“ .......အ..အကိုလေး လူမှားနေပြီ ”

ထိုအသံကြောင့် အသိစိတ်ပြန်၀င်လာကာ သူမကိုကြည့်မိသည်

“ Jieun .....မင်းကဘာကိစ္စငါ့အခန်းထဲရောက်နေတာလဲ ”

“ အာ........အကိုလေးအော်သံကြားလို့ ၀င်လာမိလိုက်တာပါ တောင်းပန်ပါတယ် အကိုလေးအခန်းကို...ခွင့်မတောင်းပဲ၀င်လာမိလို့..... ”

“ နေအုံး ငါမင်းသွားခိုင်းလို့လား ”

“ ဟုတ်.......အကိုလေး ဘာခိုင်းစရာရှိသေးလို့လဲ ”

“ ငါရေချိူးမယ် ပြီးရင်အလုပ်သွားရမယ် ပြင်ဆင်ပေးထား ပြီးရင် မင်းသိတယ်မလားဘာဆက်လုပ်ရမယ်ဆိုတာ ”

“ ဟုတ် ကျွန်မသိပါတယ် ”

သူမရဲ့စကားအဆုံးမှာ ထသွားလိုက်ပြီး ရေချိူးခန်းထဲကို၀င်သွားလိုက်တော့သည်

၃မိနစ်ကြာတော့ ရေချိူးခန်းထဲကထွက်လာလိုက်သည် အပြင်ကိုရောက်တော့ ကြမ်းပြင်မှာ အသင့်ထိုင်စောင့်နေတဲ့ သူမကိုတွေ့ပြီး စိတ်ထဲကျေနပ်မိသည်

“ မင်းကငါ့စကားနားထောင်သားပဲ တော်တယ်......မင်းကိုငါလစာပိုပေးမယ် "

“ ဟုတ်ကဲ့ ”

ပြောရင်းဆိုရင်းပဲ သူဟာ အတွင်းခံနဲ့ဘောင်းဘီကိုကောက်၀တ်ပြီးတော့ သူမကိုပြောလိုက်သည်

“ လာခဲ့ ငါ့ကိုအင်္ကျီ၀တ်ပေး... "

သူမကဘာမှငြင်းဆိုခြင်းမရှိဘဲ ကျွန်တော့်အနားကိုလာကာအင်္ကျီသေချာ၀တ်ပေးလေသည် သူမရဲ့စိတ်ထဲမှာဘာတွေတွေးနေလဲမသိပေမယ့် သူမကခံစားချက်မရှိတဲ့အရုပ်တစ်ရုပ်လိုအမြဲပြုမူနေခဲ့သည်ပင်
ကျွန်တော့်စိတ်မရှည်နိုင်တော့ပါ သူမအပြုံးတွေကိုမြင်ချင်ခဲ့သည်

“ ဒီမှာ ”

“ ဟုတ် အကိုလေး ”

“ မင်းပြုံးတတ်လား ”

ထိုစကားကိုကြားတော့ ကြယ်သီးတပ်နေတဲ့ သူမလက်တွေဟာရပ်တန့်သွားခဲ့သည် သူမပုံစံတစ်ခုခုကိုတွေဝေသွားသလိုပင် သူမပြန်ဖြေလာသည်က

“ ပြုံးတတ်ပါတယ် ”

“ ငါ့ကိုပြုံးပြစမ်း ”

အဲ့လိုပြောတော့ သူမကကျွန်တော့်ကိုမော့ကြည့်လာခဲ့သည်အနားမှာ အင်္ကျီ၀တ်ပေးနေတာကြောင့် သူမနဲ့ကျွန်တော်ဟာနီးကပ်နေသည်ပင် မော့ကြည့်လာချိန် သူမမျက်နှာ အစိတ်အပိုင်းတွေကို အနီးကပ်မြင်ခဲ့ရသည် မျက်လူံး မျက်ခုံး နှာခေါင်း အရာအားလုံးကပြီးပြည့်စုံသည် ပိုပြီးထူးခြားသည်က ဖူးလုံးနေပြီး မက်မွန်သီးရောင်သန်းနေတဲ့နှုတ်ခမ်းလေး တစ်ကယ်ကို ထိလိုက်ရင်အိစက်‌သွားမယ့် နှုတ်ခမ်းတွေပင် မသိစိတ်မှာပဲ ကျွန်တော်ထိုနှုတ်ခမ်းတွေထိခွင့်ရချင်ခဲ့သည်

ကျွန်တော်သူမကိုကြည့်နေတုန်းမှာပဲ သူမပြုံးလာခဲ့သည် ဒါမယ့် ထိုအပြုံးတွေက အစစ်အမှန်မဟုတ်ခဲ့ပေ အသက်မဲ့တဲ့အပြုံးတွေဖြစ်နေခဲ့သည်

“ ဟက်.......မင်းအပြုံးတွေက အသက်မဲ့လိုက်တာ ”

“ တောင်းပန်ပါတယ် ကျွန်မကောင်းကောင်းမပြုံးပြနိုင်လို့ ”

“မင်းတောင်းပန်နေတာ အကြိမ်ပေါင်းများနေပြီ အမှားမရှိပဲနဲ့ ဘယ်တော့မှ မတောင်းပန်နဲ့ကြားလား ”

“ ဟုတ်ကဲ့ ”

TBC---->
အပိုင်းတိုလေးပါ နောက်ရှည်ရှည်လေးupပေးပါ့မယ်နော်

You've reached the end of published parts.

⏰ Last updated: Apr 02 ⏰

Add this story to your Library to get notified about new parts!

ʙᴇᴄᴀᴜsᴇ ʏᴏᴜ'ʀᴇ ᴍɪɴᴇ [ᵘⁿⁱ ]✓Where stories live. Discover now