Part - 1

1.1K 25 4
                                    

ဒိုင်း! ဒိုင်း!

"အာ့ ချီးပဲ"

ကျည်ဆံကိုရှောင်လိုက်တာကြောင့် နာကျင်သွားသည့်ပုခုံးကိုဖိကိုင်လို့ မြူဆဲရေးလိုက်သည်။မြူရှောင်နိုင်လို့သာ ဒီကောင့်၏ပစ်မလွဲပစ်ချက်ကချော်သွားရခြင်းဖြစ်၏။

မြူအတော်လေးစိတ်ရှုပ်နေရကာ ဤသို့သူတို့၏အားလပ်ရက်ကိုတောင် လာရှုပ်စေသည့်သူကိုထုရိုက်ချင်လာရသည်။

"မြူ ငါမင်းကိုကာပစ်ပေးမယ် မင်းဖောက်ထွက်ပြီးDavidဆီရောက်အောင်သွားနိုင်မလား"

"အင်း ရတယ် ငါဘယ်ဘက်ကနေဖောက်ထွက်မယ် မင်းအသင့်ပြင်ထားလိုက်တော့"

"အိုကေ"

နန္ဒ သူ့အားကာပစ်ပေးနေချိန်တွင် မြူတိုင်၏အကွယ်မှထွက်ကာ ဘယ်ဘက်ခြမ်းဆီဦးတည်ပြေးထွက်လိုက်သည်။ဤသို့ ဖောက်ထွက်ရသည်မှာလွယ်ကူသည့်အရာတော့မဟုတ်ပေ။အခန့်မသင့်လျှင် မြူ ဒါမှမဟုတ် နန္ဒတို့နှစ်ယောက်ထဲကတစ်ယောက်က အထိနာနိုင်သည်။ပိုဆိုးသည်က ဟိုဘက်အဖွဲ့တွင် အန္တရာယ်ကောင်တစ်ကောင်ရှိနေခြင်း။

ထို့ကြောင့် မြူကိုယ်တိုင်လည်း နန္ဒကိုစိတ်မချစွာလှည့်ကြည့်လှည့်ကြည့်ဖြင့် တတိယထပ်ရောက်နိုင်ရန် ကြိုးပမ်းနေရသည်။ကံကောင်းစွာပင် နန္ဒကတောင့်ခံထားနိုင်ပုံရကာ ကျန်အဖွဲ့ဝင်များကလည်းသူတို့တာဝန်သူတို့ကျေပွန်နေပုံရ၏။

မြူတို့ရောက်နေသည်က အဆောက်အဦးပျက်ကြီး၏ဒုတိယထပ်ဖြစ်ကာ တတိယထပ်တွင်တော့ မြူတို့ကယ်တင်ရမည့်Davidဆိုသောစပိန်နိုင်ငံသားတစ်ယောက်ရှိနေ၏။

မြူနှင့်အနည်းငယ်တောင်မှမရင်းနှီးဘဲ တစ်ခါနှစ်ခါသာတွေ့ဖူးသည့် ထိုစပိန်သားသည်အတော်လေးဂြိုလ်မွှေတတ်သည်ဟုပြောရမည်။

စပိန်ကနေ ဒီအထိ ဒီကောင်ဘာလာလုပ်သလဲသူတွေးမရ။ခုတော့ ဂြိုလ်ကောင်လေးကြောင့် သူတို့အဖွဲ့အလုပ်ရှုပ်နေရပြီမဟုတ်ပါလား။

"ဝါးးးး"

အပေါ်ထပ်တတ်ရန် လှေကားနားအရောက် တိုင်တစ်ခု၏အကွယ်မှထွက်ပေါ်လာသည့် တစ်စုံတစ်ယောက်ကြောင့် မြူခြေလှမ်းတို့ရပ်တန့်ကာအသင့်အနေအထားကိုပြင်ဆင်လိုက်ရသည်။

ZestWhere stories live. Discover now