Part-2

177 11 1
                                    

ရွှမ်း! ရွှမ်း! ရွှမ်း!

မြေအောက်ထပ်၏ ပြစ်ဒဏ်ခန်းတစ်ခုအတွင်း လက်နက်ကိရိယာအစုံအလင်တို့ဖြင့် အဝါရောင်မီးသီးတို့မှာလည်း မှိန်ပြပြလင်းလျက်ရှိသည်။တိတ်ဆိတ်နေသည့်အခန်းအတွင်း တရွှမ်းရွှမ်းမြည်သံကကြောက်မက်ဖွယ်ထွက်ပေါ်နေကာ သံကြိုးရိုက်ခတ်သံတို့ကလည်းကြက်သီးထစဖွယ်အတိ။

ကြာပွတ်ဖြင့်တစ်ကြိမ်လွှဲရိုက်လိုက်တိုင်း ယိမ်းထိုးသွားသောခန္ဓာကိုယ်နှင့်အတူ တွဲလောင်းချည်ထားသောသံကြိုးတို့ကလည်း ယမ်းခါကြကုန်၏။

အပေါ်ပိုင်းဗလာကျင်းနေသောခန္ဓာကိုယ်တွင်  သွေးစသွေးနတို့ကမြင်မကောင်းပေ။ထို့ပြင် ခေါင်းငိုက်စိုက်ကြနေသူသည် မျက်ဝန်းတို့ကိုဖိမှိတ်ထားကာ နာကျင်မှုကိုအံတုနေဟန်။

ကျွီ!

ဒေါက်! ဒေါက်! ဒေါက်!

ကြာပွတ်သံတို့ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် ပြစ်ဒဏ်ခန်းတံခါးဖွင့်သံနှင့်အတူ စတီးတုတ်ကောက်နှင့်မြေပြင် ထိခတ်သံတို့ကထပ်မံထွက်ပေါ်လာ၏။

ထိုသူဝင်လာချိန်တွင် သံကြိုးနှင့်တွဲလောင်းဆွဲခံထားရသူမှလွဲ၍ ကျန်သူများအားလုံး ကိုယ်ကို၉၀ဒီဂရီကိုင်းညွှတ်ကာ မည်သူမှခေါင်းမဖော်လာရဲကြပေ။

ဒေါက်! ဒေါက်!

ကြက်သီးထဖွယ်တုတ်ကောက်သံက တဖြည်းဖြည်းနှင့် သံကြိုးဖြင့်ဆွဲခံထားရသူအနားသို့တိုးကပ်လာနေသည်။လက်နှစ်ဖက်ကိုသံကြိုးတို့ဖြင့်ဆွဲခံထားရတာကြောင့် ခြေမထောက်နိုင်တော့သောထိုအပြစ်သားမှာ တုတ်ကောက်သံကိုနားစွင့်နေရုံမှလွဲ၍ မော့မကြည့်လာခဲ့ပါ။ထိုအပြင် ထိုအပြစ်သားသည်စကားတစ်ခွန်းသော်မျှလည်းမဆိုလာခဲ့။

Leather Shoeအတိုကိုခြေအိတ်ဖြင့်ဝတ်ထားသော ပုံမှန်မဟုတ်သည့်ခြေအစုံသည် ထော့နင်းထော့နင်းဖြင့်သာ တုတ်ကောက်ကိုအားပြုလို့ အပြစ်သားနှင့်မျက်နှာချင်းဆိုင်သည်အထိလျှောက်လာတာဖြစ်သည်။

အမဲရောင်ဦးထုပ်အဝိုင်းကိုဝတ်ဆင်ထားသည့်အပြင် မီးရောင်မှာလည်းမှိန်ပြပြသာလင်းနေတာကြောင့် ထိုလူ့ရုပ်ရည်ကိုထင်ထင်ရှားရှားမမြင်ရသော်လည်း ခန္ဓာကိုယ်ကတော့တောင့်တင်းလှသည်။

You've reached the end of published parts.

⏰ Last updated: Apr 09 ⏰

Add this story to your Library to get notified about new parts!

ZestWhere stories live. Discover now