လူတိုင်းကပြောကြတယ်မလား အချစ်ဦးကိုမြေးဦးရတဲ့ထိ မမေ့နိုင်ဘူးတဲ့။
မြေးဦးရတဲ့ထိ အသက်ရှိနေနိုင်ပါ့မလား မသိပေမယ့် အသက်ရှင်နေသေးတဲ့ကာလပတ်လုံးမှာတော့ အချစ်ဦးနဲ့ပတ်သတ်ပြီး မေ့ခဲ့တဲ့ရက် တစ်ရက်လေးတောင်ရှိမနေခဲ့ပါဘူး။
── ⋆⋅𐙚 ⋅⋆ ──
" သတို့သမီး ခန်းမထဲကိုဝင်လာနိုင်ပါပြီ။"
အသံကိုမြှင့်ပြီး ဩဇာအပြည့်နဲ့ပြောလိုက်တဲ့ အခန်းနားမှူးရဲ့အသံ။
ဧည့်ပရိတ်သတ်အပေါင်းရဲ့လက်ခုပ်ဩဝါဒ ကောင်းချီးပေးသံတွေနဲ့ပြည့်လာတဲ့ မင်္ဂလာခန်းမ။
သေချာပေါက်မလာဘူး ကိုယ့်ကိုကိုယ်ပြောထားခဲ့ပေမယ့် ရယ်စရာကောင်းလောက်အောင်ကို ခန်းမထဲက အစွန်ဆုံးစားပွဲမှာဝင်ထိုင်လျက်မိသားဖြစ်နေသည်။
သတို့သမီးဟာ အဖြူရောင်ဂါဝန်လှလှလေးကိုဝတ်ထားလျက် ထွက်ပေါ်လာပြီး သူဟာလည်းကျွန်မတစ်ယောက်ထဲသိမ်းထားချင်မိတဲ့ပါးချိုင့်လေးကို ပိုပြီးနစ်ဝင်သွားအောင် အတောက်ပဆုံးအပြုံးတွေနဲ့ငေးကြည့်နေလေရဲ့။ဘယ်သူ့အမှားမှမပါဘဲ ဘယ်နေရာကစပြီးမှားသွားခဲ့မှန်းမသိတဲ့လမ်းခွဲခြင်းဟာ ဒီဖြစ်ရပ်တွေကို ဦးတည်သွားစေခဲ့သည်။
ကျွန်မကိုမြင်မသွားဖို့ဆုတောင်းရင်း အရူးတစ်ယောက်လိုမျိုး ထိုင်နေလျက်သူ့ဆီကိုသာလှမ်းကြည့်နေမိသည်။ဆယ်ကျော်သက်အရွယ်ကတည်းက ကျွန်မကိုသာတောက်ပတဲ့အပြုံးတွေနဲ့ ပြုံးပြလေ့ရှိတဲ့သူဟာ ခုတော့တခြားအမျိုးသမီးတယောက်ကို ရက်ရက်ရောရောပြုံးပြနေပြီဖြစ်သည်။
"ဂျီအာ..."
မျက်စိလျင်တဲ့အရူးလေးဟာ ကျွန်မကိုသေချာပေါက်သတိထားမိသွားဟန်တူသည်။မလာလောက်ဘူးဟုမျှော်လင့်ခဲ့သည့် ကျွန်မဟာ ချောင်အကျဆုံးစားပွဲမှာသနားစဖွယ်တစ်ယောက်ထဲထိုင်ပြီးဂုဏ်ပြုပေးနေတာမြင်တော့ နှုတ်ကဖွဖွလေးလေး ကျွန်မနာမည်ကိုရေရွတ်လိုက်သည်အထိ အံ့ဩသွားဟန်လည်းရသည်။
"ဂုဏ်ပြုပါတယ် ချွဲဆူဘင်း"
ထပ်ပြီး သူမကြားလောက်မဲ့အသံနဲ့လှမ်းပြီးဂုဏ်ပြုပေးမိသည်။
YOU ARE READING
Beautiful Liar||Soobin(one shot)
Fanfictionခွဲခွါရခြင်းများစွာထဲက အပြင်းထန်ဆုံးအရာတစ်ခု...။ My beautiful liar💭