‼️Please listen to this song while reading this part ⚠️
🎧Sanctuary by Joji
-ˋˏ✄┈┈┈┈
ဂျီအာ့ရဲ့ဒိုင်ယာရီ။
၂၀၁၅ခုနှစ်။ဒီဇင်ဘာလ၆ရက်။
"အချစ်ဦးကို ပိုင်ဆိုင်ရတဲ့နေ့ဟာ သိပ်ကိုရင်ခုန်စရာကောင်းလွန်းခဲ့တယ်။
အဲ့နေ့မှာ နှင်းတွေပထမဆုံးကျနေခဲ့ပြီး ဆယ်ကျော်သက်အရွယ်ပထမဆုံးအနမ်းဟာလည်းချိုမြိန်နေခဲ့တယ်။ချွဲဆူဘင်း တဲ့ အချစ်ဦးနာမည်က။
ကျောင်းမှာအရမ်းကိုနာမည်ကြီးတဲ့အပြင် ရွှေဇွန်းကိုက်မွေးလာတဲ့သူ့ရဲ့ အရာအားလုံးဟာ ငါနဲ့ဆန့်ကျင်ဘက်တွေကြည့်ဘဲလေ"
၂၀၂၃ခုနှစ်။မတ်လ၁၂ရက်။
"လမ်းခွဲရအောင်ဆိုတဲ့စကားကိုပြောဖို့ အချိန်တွေအများကြီးပြင်ဆင်လာခဲ့ရတာ။
ဒီစကားက တစ်ကယ့်လက်တွေ့မှာတော့သေလောက်အောင်ပြောရခက်တာဘဲနော်။
ဒီလိုမှန်းသိရင် အရင်ကတည်းက တခြားအတွဲတွေထက် ပျော်စရာကောင်းစွာနဲ့ အချိန်တွေကုန်ဆုံးခဲ့မိမယ်ထင်တယ်"─── ⋆⋅☆⋅⋆ ──
"နောက်ထက် နည်းနည်းလောက်ဆက်သွားရင်ရောက်ပြီထင်တယ် ကောင်လေး။"
လက်ထဲကစာအုပ်ကိုအိတ်ထဲပြန်ထည့်ရင်း မျက်ရည်စတွေကိုချက်ချင်းသုတ်ပစ်မိသည်။
"ဟုတ်ကဲ့ခင်ဗျာ အဲ့နေရာဟုတ်ပါတယ်"
လှေပေါ်ကဦးလေးကြီးရဲ့ အမေးကိုချက်ချင်းပြန်ပြီးဖြေလိုက်ခြင်းဖြစ်သည်။
─── ⋆⋅☆⋅⋆ ──
ကွယ်လွန်သူ ပတ်ခ်ဂျီအာ။
၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ ၁၅ရက်။အရိုးပြာအိုးကို ပိုက်ထားလျက်နဲ့ ငူငူငိုင်ငိုင်ဖြစ်နေတဲ့ ကျွန်တော့ကို လှေပေါ်က ဦးလေးကြီးကသနားသဖွယ်ပုံစံနဲ့ကြည့်နေသည်။
"ပြောရတာအားနာပေမယ့် တချို့တွေကအရိုးပြာကို ဒီပင်လယ်ထဲမှာလာကျဲပြီးလှည့်ပြန်သွားကြတာ။ဟိုးဘက်ကကျွန်းလေးမှာမြှုပ်ခဲ့ဖို့တော့မင်းလိုမျိုး စဉ်းစားမိကြတဲ့ပုံမပေါ်ဘူးနော်၊"
YOU ARE READING
Beautiful Liar||Soobin(one shot)
Hayran Kurguခွဲခွါရခြင်းများစွာထဲက အပြင်းထန်ဆုံးအရာတစ်ခု...။ My beautiful liar💭