သာယာတဲ့မနက်ခင်းမှာမိုးလေးကတဖွဲဖွဲ။ လေလေးကတအေးအေးနှင့်ကြည်နူးဖွယ်ကောင်းလှသည်။ မိုးရာသီဝင်တော့မှာမို့ ရာသီဥတုကသိပ်မပူပဲနေလို့ကောင်းသည်။ ဆော့ဂျင် အိပ်ရာကနိုးနိုးချင်း ပါးပြင်ပေါ်ကျရောက်လာတဲ့အနမ်းတစ်ပွင့်ကြောင့် မျက်လုံးအစုံကိုပွတ်သပ်ကာ အိပ်ချင်မူးတူးအသံလေးဖြင့်..
" အလုပ်မသွားသေးဘူးလားအစ်ကို.~"
ဂျောင်ကု သူ့ရှေ့ကအိပ်မှုန်စုပ်ဖွားလေးနဲ့ချစ်စရာကောင်းနေတဲ့ချစ်ရသူလေးကိုအသည်းယားစွာကြည့်နေမိသည် ။ ဘာလို့အရမ်းချစ်ဖို့ကောင်းနေရတာလဲ..??
" ကိုယ်တို့ဟန်းနီးမွန်းထွက်ကြမှာလေအချစ်ရဲ့..!ဘယ်အလုပ်ကိုသွားရမှာလဲ..?"
" အာ..ဟုတ်သားပဲ~"
မနေ့ကတစ်နေ့လုံးလက်ထက်ပွဲကြောင့် ပင်ပန်းထားလို့ထင်။ ညကအိပ်လိုက်တာတစ်ရေးမှမနိုးတော့ပေ။ ခုလည်း အစ်ကိုကဂျယ်ဂျူကိုဟန်းနီးမွန်းထွက်ဖို့ပြောထားတာကိုတောင်သူမေ့နေခဲ့သည်။
" ထပြီးရေချိုးတော့ ကိုယ်မနက်စာပြင်ပေးထားတယ်~"
ဂျောင်ကုဆော့ဂျင်ရဲ့ပါးလုံးလုံးလေးကိုလက်ဖြင့်အသာဖြစ်ညှစ်ရင်းဆိုလိုက်သည်။
" အာ..အချစ်လုပ်ပေးရမှာကို~ခုတော့.."
အားနာနေဟန်ရှိတဲ့အချစ်ကြောင့် သူပြုံးလိုက်မိသည်။
ထို့နောက် အချစ်ရဲ့နားသယ်စကဆံနွယ်လေးတွေကိုလက်ဖြင့် အသာအယာသပ်ပေးရင်း.." ကိုယ်အချစ်ကိုယူထားတာ အိမ်အလုပ်တွေလုပ်ခိုင်းဖို့မှမဟုတ်တာ..ဘာကိုအားနာနေတာလဲအချစ်က..!"
" ဒါမယ့်~.."
" ရှုးး...တော်ပြီ ကိုယ်လုပ်ပေးတဲ့မနက်စာကိုမစားချင်လို့လား..?"
အစ်ကိုက သူ့ကိုစိတ်မကောင်းသည့်မျက်နှာလေးနဲ့ပြောလာတော့ သူ့မှာပြာယာသွားရသည်။
" မ..မဟုတ်ပါဘူး ဒီတိုင်းအချစ်ကအစ်ကို့အတွက်မနက်စာလုပ်ပေးချင်လို့ပါ.."
" နောက်ရက်လုပ်ပေးလေ..အချစ်လည်းပင်ပန်းထားတာပဲ.."
" ဟုတ်.."
YOU ARE READING
ရိပ်
Fanfictionတစ်ကယ်ပဲမင်းကငါချစ်မိတဲ့သူမဟုတ်ဘူးလား.??(Jeon Jungkook) အစ်ကို့ကိုလိုတာထပ်ပိုချစ်မိသွားခဲ့လို့တောင်းပန်ပါတယ်~(Kim Seokjin) အချိန်တန်ရင်ကိုကိုကငါ့ဆီပြန်လာမှာပဲမို့ စိတ်ကူးယဉ်မနေစေချင်ဘူး Kim Seokjin(Kim Seokhun)