Someone POV:" လူကြီးမင်းတို့အတွက်မေးခွန်းရှိပါတယ်။ ကံကိုယုံပါသလား။ ဘာလို့ဆို ကျွန်တော်အခုပြောပြမဲ့အရာတွေက လူကြီးမင်းတို့ရဲ့ယုံကြည်မှုအပေါ်မူတည်ပြီးပြောင်းလဲသွားမှာမလို့ပါ။ ဒါဆို အခုဘဲစလိုက်ကြမလား။ "
.
.
.- နေသာနေတဲ့သာမန်နေ့ပါဘဲ။ ပျင်းရိရိဖြစ်စေပြီးမလုပ်ချင်မကိုင်ချင်ဖြစ်နေတဲ့ပုံမှန်ရက်လေးတစ်ရက်ပေါ့။ -
" ဟာ ရာသီဥတုကပူနေတော့ ဦးနှောက်ထဲကနေဘာမှကိုထွက်မလာဘူး။ ဒီလိုသာဆိုရင် နောက်လအထိစာမူမပြီးရင်ဘယ်လိုလုပ်ရမလဲ။ "
- အလုပ်စားပွဲတွင်ထိုင်ပြီး ကွန်ပြူတာကိုကြည့်နေတဲ့ကောင်လေးတစ်ယောက်၏ညီးတွားနေသံ။ ထိုစဥ်သူ့ဆီသို့ဖုန်းတစ်ကောလ်ဝင်လာခဲ့သည်။ -
" ဟယ်လို မေမေ။ "
" အချစ်တုံးလေး။ မေမေတို့မနက်ဖြန်ပြန်လာတော့မယ်သိလား။ သားရဲ့ညီလေးတွေလည်းပါတယ်။ "
" ဗျာ!!!! မြန်....မြန်လိုက်တာ။ ညီလေးဆို ဂယောင်မင်းနဲ့အွန်း...အွန်းဟက်လားမေမေ။ "
" ဟုတ်တယ်။ သားအိမ်မှာရှိတယ်မလား။ "
" မရှိဘူး မေမေ မရှိဘူး။ မေမေတို့သွားပြီးနောက်ရက်ပဲမေမေရဲ့ သားလည်းစိတ်ပြေလက်ပျောက်အဖွားအိမ်မှာလာနေနေတာ။ စာလည်းအေးဆေးရေးလို့ရအောင်လေ။ "
" ဟုတ်လား။ ကလေးတွေကသားကိုတွေ့ချင်လို့လာကြတာ။ မေမေတို့အဖွားအိမ်ကိုဘဲလာခဲ့ရမလား။ "
" မဟုတ်တာ မေမေရယ်။ သား...သားလည်းတစ်လနှစ်လ လေးငါးခြောက်လလောက်ပဲနေမှာပါ။"
" ကင်မ်အီဟန်မေမေသိနေတယ်နော်။ "
" ဟယ်လို ဟယ်လို မကြားရတော့ဘူး မေမေ။ ဟယ်လို...အဖွားအိမ်ကလိုင်းမကောင်းဘူးထင်တယ်။ ဒါဘဲနော် မေမေ။ "
- အီဟန်ကဖုန်းကိုအလျင်အမြန်ချပစ်ကာ အခန်းထဲပြေးဝင်သွားပြီးဗီရိုထဲကluggageကိုထုတ်လာခဲ့သည်။ ပြီးသည်နှင့် အဝတ်တွေကိုအကုန်သိမ်းကြုံးယူကာ luggageထဲပစ်ထည့်လိုက်သည်။ အခြားတစ်ကိုယ်ရည်သုံးပစ္စည်းတွေပါထည့်ပြီးအိတ်ကိုပိတ်ခဲ့သည်။ အီဟန်သူ့လက်ပ်တော့ကိုပါအိတ်ထဲထည့်ကာ အားသွင်းကြိုးနဲ့headphoneကမပါမဖြစ်။ မမေ့မလျော့စွာဖြင့် ဗီရိုထဲကသော့ခတ်ထားသော အံဆွဲဆီမှသော့တွဲတစ်ခုကိုယူလိုက်သည်။ -

YOU ARE READING
FATE ( When cherry blossom again ) ( Completed )
Fanfiction- သူရှိနေတာနဲ့တင် ကျွန်တော်အားလုံးကိုရင်ဆိုင်ရဲတယ်။ အချစ်ဖြစ်ဖြစ်၊ လွမ်းဆွတ်မှုဖြစ်ဖြစ်၊ ကြေကွဲခြင်းဖြစ်ဖြစ်။ - ( April 22 ~ May21 )