part-17

2.5K 73 3
                                    

~သံယောဇဉ် ~

အပိုင်း(၁၇)

"အဆင့်၁၈တဲ့......ငါ့ကိုသာ သတ်လိုက်ပါလား....
ငုဝါနွယ်ရယ်..ဘယ်နှယ့်တဖြည်းဖြည်းနဲ့ အဆင့်ကတက်မလာဘဲ ကျသွားရတာလည်း.....ဟမ်...."




ရီပို့ကဒ်ကိုကြည့်ပြီး ဒေါသထွက်နေသည့်တီပိုးရှေ့မှာ ငုဝါလက်ပိုက်မတ်တပ်ရပ်ပြီး ခေါင်းကိုငုံ့ထားမိတော့သည်။

ဦးငယ်ကတော့ တီပိုး၏ဒေါသတွေကို ဖြေလျှော့ဖို့
ထိုင်ခုံမှာထကာ....


"ဒေါ်ပိုးခက်ရယ်..... အခုကနှစ်ဝက်စာမေးပွဲဘဲဟာ....
တစ်ခါတစ်လေ လျှမ်းသွားတာမျိုး....ကျက်ထားတာနဲ့
မကိုက်တာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပါ...ကျွန်တော်တို့ကလေးက တော်ပြီးသားဘဲဟာ.....နောက်အပတ်ကျ
ကောင်းကောင်းဖြေမှာပါ...အခုတော့ စိတ်ကိုလျှော့ပါဦး..."





တီပိုး မတ်တပ်ရပ်နေရာက ထိုင်ခုံပေါ်ပြန်ထိုင်သည်။ ငုဝါကို စေ့စေ့ကြည့်နေသည်။ တီပိုးအကြည့်ကိုမြင်တာနဲ့ ငုဝါမျက်နှာကို အောက်ချလိုက်သည်။

ဦးငယ်က ဒေါသထွက်ပြီးမောနေသည့်တီပိုးကို ဘေးကနေယပ်တောင်ခတ်ပေးပြီး ဖျောင်းဖျနေသည်။



"ညည်း...ဘယ်လိုတွေများဖြစ်ပျက်နေတာလည်း ငုဝါနွယ်..ဟမ်
ငါ့မှာတော့ နဖူးကချွေး ခြေမကျအောင် အလုပ်လုပ် ပိုက်ဆံရှာပြီး ညည်းကိုကျောင်းထားပေးခဲ့တာ....ညည်းကို
လခစာဝန်ထမ်းလေး...ငါတို့လို
ဆင်းဆင်းရဲရဲလုပ်ကိုင်မစားရအောင်
ပညာတတ်ကလေးဖြစ်စေချင်တာ..."




"........."




"မိဘမရှိဘူးဆိုပြီး ပတ်ဝန်းကျင်က
အထင်သေးလို့သေးနဲ့....ညည်းကိုလေ သူတို့စံထားရတဲ့...သူတို့သားသမီးတွေထက်ကို သာစေချင်တာ.....ငုဝါနွယ်လေးက
မိစုံဖစုံမရှိလည်း တော်လိုက်တာဆိုတဲ့စကားသံတွေကို
ကြားချင်ခဲ့တာ..."





"........."





"ငါသာ အတ္တကြီးတဲ့...ကိုယ့်အတွက်ကိုယ်ဘဲကြည့်တဲ့
အဒေါ်ဆိုရင်လေ...ညည်းကို
ကျောင်းလည်းထားပေးမှာမဟုတ်ဘူး...အပြင်ထုတ်ပြီး
ခိုင်းစားနေမှာသိလား....အခုတော့ ငါ့တူမလေး ပင်ပန်းမှာ ဆင်းရဲမှာကြောက်လို့ အိမ်အလုပ်တောင် ကူအလုပ်မခံဘူး....



~သံယောဇဉ်~Where stories live. Discover now