{ Murderous Lewellyn's Candlelit Dinner }Chapter - 1 . 1
နံနက် ၃ နာရီ ၁၆ မိနစ်တွင် နှင်းများထူထပ်စွာကျဆင်းနေသော ခရစ္စမတ်နေ့တွင်တောင်ပိုင်းခရိုင်ရှိ တစ်စုံတစ်ယောက်သည် Shavonne၏တိုက်ခန်းသို့ အလည်အပတ်ရောက်ရှိလာခဲ့သည်။
ဒေါက် ... ဒေါက်
မှောင်မိုက်နေသောအခန်းအတွင်းရှိတစ်ခုတည်းသောအလင်းရောင်အရင်းအမြစ်မှာ စာမူများ ၊ ဆေးသေတ္တာနှင့် အရက်ပုလင်းများဘေးရှိ စားပွဲခုံပေါ်တွင်ရှိသော ဖယောင်းတိုင်သာဖြစ်သည် ။ လက်နှိပ်စာရေးစက်ပေါ်တွင်သာအာရုံစူးစိုက်ထားသော Shavonne သည်နှစ်မကုန်မှီစာမူကိုအပြီးသတ်နိုင်စေရန်အလို့ငှာ စိတ်နှစ်၍အလုပ်လုပ်နေရရှာသည် ။ အိမ်တံခါးမှာမူအလင်းရောင်မရှိသည့်အမှောင်ထုအတွင်းတည်ရှိသောကြောင့် သံတံခါးလက်ကိုင်မဆိုနှင့် တံခါးအချပ်လိုက်ကြီးကိုပင်မမြင်ရပါချေ ။
ဒေါက် ... ဒေါက်
တံခါးကိုနောက်တစ်ကြိမ်ထပ်မံခေါက်လာသည်မှာ သူနားကြားမှားခြင်းမဟုတ်ပါချေ ။ ထိုတံခါးခေါက်သံသည်ပထမတစ်ကြိမ်ထက်ပို၍ရှင်းလင်းလှသည်မှာ ခေါင်းငုံ့၍စာရိုက်နေသည့် Shavonne အားတံခါးဝတွင်လူတစ်ယောက်ရှိနေပါကြောင်းအသိပေးနေသကဲ့သို့ပင် ။
ဘယ်သူလဲ ... ဒီအချိန်ကြီးဘယ်သူလာမှာမို့လို့လဲ ...
သူ၏ချစ်သူဖြစ်သည့် August ၏မျက်နှာသည်သူ၏အာရုံအတွင်းသို့ဝင်လာပါသော်လည်း ခေါင်းခါမိလိုက်သည် ။ Shavonneက ခရစ်စမတ်မှစ၍နှစ်ကုန်သည့်အချိန်အထိဆက်တိုက်အလုပ်များနေလိမ့်မည်ဟုပြောခဲ့သောကြောင့် August ကကလေးတစ်ယောက်ကဲ့သို့စိတ်ကောက်ကာသောင်းကျန်းခဲ့၏ ။ ထိုအချိန်မှစ၍ သူတို့နှစ်ဦး အဆက်အသွယ်မရှိစကားမပြောကြသည်မှာ တစ်ပတ်လုံးလုံးရှိနေပြီဖြစ်သည် ။
ဒေါက် ... ဒေါက် ...
Shavonne ကဖယောင်းတိုင်ခွက်ကိုကောက်ယူပြီးနောက် တံခါးရှိရာသို့လျှောက်သွားလိုက်သည် ။ Shavonne ကဲ့သို့သောသူမျိုးများသည်တံခါးကိုအလျှင်စလိုဖွင့်လေ့မရှိပေ ။ ထို့အစား တံခါးသော့ပေါက်မှ အပြင်ဘက်တွင်မည်သူရှိသနည်းဟုစစ်ဆေးလေ့ရှိသည် ။ သို့သော်လည်း သူမြင်လိုက်ရသည်မှာ တိုက်ခန်း၏လျှောက်လမ်းတစ်လျှောက်တွင်မည်သူမှရှိမနေပါပေ ။
YOU ARE READING
Murderous Lewellyn's Candlelit Dinner novel { Myanmar Translation }
HorrorTitle : Murderous Lewellyn's Candlelit Dinner | 살인마 르웰린 씨의 낭만적인 정찬 Author : Sumnagi | 숨나기 Artist : MUK_BU | 묵부 Shavonneသည်ဆင်းရဲသားရပ်ကွက်ရှိလမ်းကျဉ်းလေး၏ တိုက်ခန်းတွင်နေထိုင်သော သရဲဝတ္ထုစာရေးဆရာတစ်ယောက်ဖြစ်သည် ။ သူသည်အထီးကျန်သည့်တစ်ကိုယ်တည်းသမားတစ...