''ဟာ...ဖေဖေ့..."
''ဖေဖေ...."
အသံလေးက တက်ကြွစွာထွက်လာသလို၊
နှင်းဆီရဲ့လက်ကိုဖြုတ်ပြီး အပြေးထွက်သွားတဲ့သားလေးရဲ့လက်ကို သူမမှာ လှမ်းဆွဲဖို့တောင်မမှီလိုက်ပေ။ လက်ဆန့်၍ ကြိုနေသော သူ့ရဲ့ပုံစံကို
ကြည့်ပြီး၊မျက်နှာလေးတဖက်သို့လွှဲကာ
နှုတ်ခမ်းများကို ခပ်တင်းတင်းဖိပိတ်ထားမိ၏။''သားသား...ဘာလို့ပြေးလာတာလဲကွာ၊
ကြည့်ပါအုံး..ချွေးတွေကို ရွှဲလို့"''ချီ....ဖေဖေချီ"
''ဟုတ်ပါပြီဗျာ"
သားရဲ့ကိုယ်လေးကို ပွေ့ချီလိုက်ပြီး ပါးလေးတွေကိုဘယ်ပြန်ညာပြန်နမ်းလိုက်သည်။ သားကို နမ်းလို့အပြီး ဒီဘက်လှည့်တော့ နှုတ်ခမ်းစူနေသော သူမကိုကြည့်ပြီး သူ သက်ပြင်းချလိုက်သည်။
''သားသား ထမင်းစားပြီပြီလား "
''စားရသေးဖူး.... ဖေဖေ..''
''ဟင်.."
နေညီ မျက်နှာပျက်သွား၏။ နောက်မှာ
မထုံးတေးရပ်နေတဲ့သူမကိုအကြည့်ရောက်သွားပြီး မျက်မှောင်ချက်ချင်းကုတ်သွားကာ...''မင်း ကလေးကို အချိန်မှန်ထမင်းမကျွေးဘူးလား..နှင်းဆီညို...အပြင်ထွက်တာလည်းထွက်ပေါ့ကွာ...သားသားကိုတော့ အချိန်မှန်ကျွေးလေ"
သူ့စကားကြောင့် နှင်းဆီ မျက်ဝန်းတွေ စူးစူးရဲရဲဖြစ်သွား၏။ တွေ့လိုက်တာနဲ့ လူကိုအပြစ်ဖွဲ့ချင်နေသောသူ့အကျင့်က အရင်အတိုင်းပင်။သူ့ကို ကြည့်လိုက်တော့ အပြင်က ပြန်လာတဲ့ပုံဖြစ်ပြီး ကျော့ကော့နေ၏။
"ခံပက်ဖို့တွေးမနေနဲ့၊ ကလေးရှေ့မှာ ကိုယ်ရန်မဖြစ်ချင်ဘူး"
''ဒီမှာ..ရှင်ချည်းပါးစပ်ပါတာမဟုတ်ဘူးနော်...
နည်းနည်းပါးပါးအခြေနေကိုသုံးသပ်ပြီးမှပြော..."''ဟိတ်...ဒီမှာကလေးကြည့်နေပြီလေ....မင်းလေသံကိုပြင်လိုက်..စကားအကောင်းပြောတာ မင်းဒေါသထွက်ဖို့မလိုဘူး"
သားမျက်နှာလေးကို ကြည့်ပြီးသူလည်းလေသံမာသွားတာကိုသိကာ သက်ပြင်းရှိုက်၍ ထိန်းလိုက်ရသည်။ နှင်းဆီညိုဆိုတဲ့သူမကြောင့် ရင်ထဲမှာ တစ်ခါတစ်ခါ ဒေါသတွေဖြစ်နေရတုန်းဖြစ်သည်။
အခုလည်း သားကြောင့် အကုန်မြိုချကာ တွန့်ကြုတ်နေမိတဲ့မျက်ခုံးနှစ်ဖက်ကိုလည်းပြေပျောက်လိုက်ရ၏။