အခန်း (၇) [ U / Z ]

311 17 0
                                    

Unicode

ဟိန်းထက် အဆောက်အဦးထဲဝင်သွားတော့ မင်းဆတ်ကကားပေါ်မှာပဲကျန်နေခဲ့တာ ။
ဆယ်မိနစ်လို့ပြောသွားတာကြောင့် နာရီလည်းကြည့်ရင်း Candy Crush ခနထိုင်ဆော့နေခဲ့တာ ။
ခနလောက်နေတော့ လူကပျင်းလာတာနဲ့ ကားအပြင်ထွက်ရပ်နေတုန်း ကားအနက်တစ်စီးက ရောက်လာသည်။ ပြီးတော့ ထိုကားပေါ်ကနေ လူမိုက်လိုလိုလူတွေဆင်းလာကြသည်။ ခြောက်ယောက်လောက်ရှိ၏။ ကြည့်ရသည်မှာ Blood ဂိုဏ်းကလူတွေပဲနှင့်တူသည်။

ထိုလူတွေက သံတုတ်တွေကိုကိုင်ထားကြသည်။
ထိုလူတွေက အဆောက်အဦးဆီကိုသွားနေကြသည်။
မဖြစ် ၊ အဲ့လိုဖြစ်လို့မဖြစ် ။
ဟိန်းထက်နဲ့ဟိုလူကို သူတို့တွေ့သွားလို့မဖြစ် ။

မင်းဆတ် ကားပေါ်မှအမြန်ဆင်းလိုက်သည်။

" ဟေ့ မင်းတို့ငါ့ကိုရှာနေတာလား ! "

မင်းဆတ်က ခပ်ပြုံးပြုံးနှင့်လှမ်းအော်လိုက်တော့ ထိုလူတွေက သူ့ကိုလှည့်ကြည့်လာသည်။
ဘယ်လိုနည်းလမ်းပဲသုံးရသုံးရ ၊ သူခနလောက်တော့အချိန်ဆွဲထားမှဖြစ်မည်။

" ဘော့စ်ရှာခိုင်းတဲ့ထဲမှာ အဲ့လူပါတယ် "

ထိုလူတွေထဲက တက်တူးအပြည့်နှင့် တစ်ယောက်ကပြောသည်။ ကြည့်ရသည်မှာ ခေါင်းဆောင်ဖြစ်ဟန်တူသည်။

" ဟုတ်တယ် ၊ ငါပါတယ်လေကွာ ဘာလဲ မင်းတို့ငါ့ကိုမေ့နေတယ်လို့တော့ မပြောနဲ့နော် "

မင်းဆတ်က ခပ်ဟဟရယ်ရင်း အနားသို့တိုးသွားလိုက်သည်။

" ငါ့လိုအကျော်အမော်တစ်ယောက်ကိုမေ့နေတာကတော့ သိပ်မမိုက်ဘူးကွာ "

မင်းဆတ်က ထိုလူအား အားဖြင့်ဝင်ထိုးသည်။ ရုတ်တရက်အငိုက်မိသွားသောကြောင့် ထိုလူထိသွား၏။ မင်းဆတ်က အဲ့တာကိုအခွင့်ကောင်းယူကာ နောက်တစ်ချက်ထပ်၍ ထိုးသည်။ ဆင့်၍ဆင့်၍ထိုးသည်။ ကျန်သည့်အခြားသူများကလည်း မင်းဆတ်ကို လာ၍ဖမ်းချုပ်ကြသည်။ မင်းဆတ်က တစ်ယောက်တည်း ၊ သူတို့ကလူအင်အားများသည် ။ သို့ပေမဲ့ မင်းဆတ်ကလျင်သည်။ ဥာဏ်ပြေးသည်။
အခုသူ့ရဲ့ရည်ရွယ်ချက်က ထိုလူတွေအားလုံးကိုနိုင်အောင်ချဖို့မဟုတ် ၊ အချိန်ဆွဲဖို့သာဖြစ်သည်။

Dear Gangster Khoon Where stories live. Discover now