Unicodeထိုနေ့က ကိစ္စပြီးကတည်းက အသက် အကိုလေးကိုရှောင်နေမိသည်။ အကိုလေးကလဲအလုပ်များနေတာကြောင့် အသက်ရှောင်နေတာသိပေမဲ့ ဘာမှမပြောတာဖြစ်နိုင်သည်။ မဟုတ်ရင်အကိုလေးဒေါသနဲ့ အသက်လွယ်မှာမဟုတ်။
"အသက်ရေ အသက် မောင့် အသက်လေး"
"ဟင်"
ဒီနေ့အကိုလေး ပြန်လာတာနောက်ကျတာမို့ ဧည့်ခန်းမှာစောင့်ရင်း ဆိုဖာပေါ်မှာမှေးခနဲအိပ်ပျော်သွားတုန်း အကိုလေးခေါ်သံကိုကြားလိုက်ရသည်။
သွားကြည့်လိုက်တေ့ာ အထဲဝင်လာတဲ့အကိုလေးက ဒယိမ်းဒယိုင်နဲ့ လမ်းတောင်မနဲလျှောက်နေရတဲ့အဖြစ်။ ကြည့်ရတာ အရက်တွေသောက်လာတာဖြစ်မည်။
"ဘုန်း"
"ဟယ် အကိုလေး"
ကြည့်နေတုန်းယိုင်ပြီး နံရံကိုဝင်တိုက်တာကြောင့် အသက်အပြေးလေးသွားတွဲလိုက်ရသည်။
"ရရဲ့လားဟင် အသက်ကိုမှီလိုက်နော်"
"ရောက်လာပြီလား မောင့်အသက်လေး မောင်သူငယ်ချင်းတွေနဲ့နည်းနည်းသောက်နေလို့နောက်ကျသွားတာကွာ"
တမောင်မောင်နဲ့ မောင်ချင်းထပ်အောင်သုံးပြီး မမေးဘဲနဲ့ချိုချိုသာသာပြောနေတဲ့အကိုလေးက မူးနေတယ်ဆိုတာ သံသယဝင်စရာတောင်မလို။ ခါတိုင်းဆိုအမြဲတမ်းဒေါသထွက်နေတဲ့လူလေ။
ခက်ခက်ခဲခဲတွဲလာပြီး အိပ်ရာပေါ်တင်ပြီးတဲ့နောက်မှာ အကျီလဲပေးဖို့စဉ်းစားရပြန်သည်။ ဒီတိုင်းထားသွားလိုက်ရင်ကောင်းမလား။ ထားခဲ့ရင်လဲမနက်ကြ သောင်းကျန်းမှာသေချာသည်။ လဲပေးဖို့ကြတေ့ာလဲ....။ အကျီပဲလဲပေးတာပေါ့ အကျီပဲ။
ကြယ်သီးတွေကိုတစ်လုံးချင်း ဖြုတ်ပေးရင်း အသက် လက်တွေလဲတုန်ရီနေတေ့ာသည်။
"ဟင်း"
"အကိုလေး အကျီလဲရအောင်နော် ခဏလေးကြွပေး"
"ဟင် အသက် ဘာတွေလုပ်နေတာလဲ မောင်မူးနေတယ်ဆိုပြီး မတရားကြံနေတာတေ့ာမဟုတ်ပါဘူးနော်"
"ဘာ"
"ပြီးရင်တေ့ာတာဝန်ယူရမှာနော် စားပြီးနားမလည်မလုပ်ရဘူး"