Unicode
ဘ၀ ဆိုတာ အရမ်းကိုရိုးရှင်းပါတယ်၊
မွေးဖွားလာပီးရင်သေဆုံးကြရမယ်။
မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြား ကာလအပိုင်းခြားလေးဟာလဲ အလွန်ကို တိုတောင်းလှတယ်။
အဲ့ဒီတော့ ကိုယ်တို့တွေ ပုံသေစည်းမျဉ်းကြားပိတ်မိနေတာထက် ....ပိုပီးအဖိုးတန်တဲ့ပျော်ရွင်မှုကို ရှာဖွေလိုက်တာက မကောင်းဘူးလား။
အချိန်အနည်းငယ်အတွင်းနေတတ်ရင်တော့ ပျော်စရာကြီးပါ။
ဟေး..အရေးကြီးဆုံးအရာက ..အဲ့ဒီအချိန်တိုလေးအတွင်း တစ်ဦးတစ်ယောက်ကို ချစ်မိမသွားစေဖို့တော့ ဂရုစိုက်ဖို့လိုအပ်လိမ့်မယ်။အဲ့ဒါက လျော်ကြေးကြီးတဲ့ ရာဇ၀တ်မှုတစ်ခုလိုဘဲ။
___________________________________" ဟဲ့ဟဲ့...အဲ့ကလေး ကဘယ်သူတုန်း.."
"အဲ့ဒါ ဟိုဘက်ရပ်ကွက်က ..ဦးမိုးနှောင်းရာဇာနဲ့ဒေါ်ဟန်နီငယ် တို့ရဲ့သားလေ'မြေ့မိုးငယ်' တဲ့...သူ့မိဘတွေက လူကုံထန်တွေ ဆိုတော့..ဘယ်သူ့ကိုမှလူထင်တာမဟုတ်ဘူး..အမလေး ပီးတော့ နေ့နေ့ညည ဘားသွားကလပ်တက်အရက်သောက်နဲ့ ကောင်းတာမဟုတ်ဘူး... ပုံစံကိုက ကြည့်ပါလား..ပျက်စီးနေတဲ့ဟာလေး"
"ဟယ်..ဟုတ်လားဒီလိုသားမျိုးမမွေးမိတာ..ကံကောင်းပါ့တော်...ပီးတော့သူ့ပုံစံကနွဲ့နွဲ့နှောင်းနှောင်းနဲ့ပုံမှန်မှဟုတ်ရဲ့လားတော့်"
" ဦးမိုးနှောင်းရာဇာတို့က ထိန်းမနိုင်လို့လွတ်ထားတာလားမှမသိတာ.."
မနက်ခင်းကလပ်မှအပြန် လမ်းမှာကားပျက်တာကြောင့် အိမ်ကို လမ်းလျှောက်ပြန်လာရာ လမ်းဘေးဈေးဆိုင်မှ အဒေါ်ကြီး၃ယောက်၏ အတင်း စကားသံများကို နားပါးသူပီပီကြားနေရသည်။
အကြောင်းအရာကလဲ သူ၏အကြောင်းများသာ၊သူ့အားတချက်တချက်ကြည့်လိုက် အတင်းအုပ်လိုက်နဲ့ အတော့်ကို ဇိမ်ရှိနေကြပုံ။
ပတ်၀န်းကျင်ဆိုတာများနော် သူ့အကြောင်းဘယ်လောက် သိလို့များ သူ့အတင်းဖျင်းကိုပြောနေရသလဲ။