နေသာတဲ့နေ့လယ်ခင်းတစ်ခု။ နွေဦးရာသီရဲ့အစဟာ နွေးထွေးစွာ အေးစက်ဆဲဖြစ်သည်၊ တိုက်ခတ်နေတဲ့လေပြည်တွေဟာ ဦးတည်ရာမဲ့ လျှောက်ပြေးလျက်။ အရည်မပျော်သေးတဲ့နှင်းမြူလေးတွေကိုလည်း တစ်ခါတစ်ရံ တို့ထိကျီစယ်နေလျက်သား။အမည်မသိတဲ့ပန်းတချို့ဟာ ဆောင်းအကုန်မှာ ပွင့်လန်းစပြုပြီ။ ဒါကြောင့်ပဲ ခပ်မြမြအေးတဲ့လေထုထဲ ချိုအီအီရနံ့တွေဟာ သင်းပျံ့လျက်။ အဖြူရောင်လွှမ်းခဲ့ဖူးတဲ့ပတ်ဝန်းကျင်မှာ ရောင်စုံပန်းတွေဟာ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်။ သဏ္ဌာန်ကွဲနေတဲ့ကမ္ဘာလောကဟာ နွေးထွေးစွာ နှစ်သက်ဖွယ်အတိ။
တိမ်ဖြူတစ်စနှစ်စ ဖုံးလွှမ်းနေတဲ့ကောင်းကင်ဟာ အပြာရောင် canvas စပေါ် ဆေးစက်ဖြူတွေ ကြဲပက်ထားသလို။ နေခြည်နုနု ဖြာကျလာချိန်မှာတော့ အဝါရောင်တွေဟာ မသိမသာ ရောယှက်သွားကြသည်။ ဆောင်းနှင်းတွေနဲ့အတူ ကြွေကျခဲ့ပြီးတဲ့ရွက်ဟောင်းတွေဟာ ရွှေအိုရောင်လွှမ်းလို့။ မျက်စိတစ်ဆုံး ရောက်တတ်ရာရာ ငေးမောပစ်ချင်စရာ။
ဒါပေမယ့် နီခီကတော့ ဒီအရာတွေကို တမေ့တမော မခံစားနိုင်ပေ။ အကြောင်းကတော့ သူ၏အာရုံအလုံးစုံဟာ ဖုန်းဖန်သားပြင်ပေါ်မှာပဲ ရှိနေတာကြောင့်။
ဟင့်အင်း၊ မဟုတ်ဘူး။ ဖုန်းဖန်သားပြင်ထက် ဖန်သားပြင်ပေါ်က ကောင်လေးကို လို့ပဲ ပြောရမည်ထင်သည်၊ သူကတော့ ဒီလူသားလေးကိုပဲ အမြဲ အာရုံစိုက်နေမိတာ မဟုတ်လား။
ဒီလူကို ဘယ်လို နာမ်စားသုံးရမယ်မှန်း နီခီ ရေရေရာရာ မသိ။ မိတ်ဆွေလည်းမဟုတ်သလို၊ ညီအစ်ကိုတွေလည်း မဟုတ်၊ သူငယ်ချင်းလည်းမက၊ ချစ်သူလည်းမကျတဲ့ အဲ့ဒီလူကို နီခီ ဘယ်လိုများ ဖော်ပြသင့်ပါသလဲ။
အင်း၊ ဒီခေတ်စကားနဲ့ပြောရရင် နီခီ့ရဲ့ခရက်ရှ်အစ်ကိုကြီး???
ဟုတ်ပါရဲ့။ ရှင်းမ်ဂျယ်ယွန်းက သူ တိတ်တခိုး သဘောကျနေရတဲ့သူပဲကိုး။
တွေးမိရုံနဲ့ နီခီ့အပြုံးတွေဟာ ရေးတေးတေး။ ရင်ခုန်သံတဒိတ်ဒိတ်ကလည်း ဖုံးမနိုင် ဖိမရ။
YOU ARE READING
ငါ့ရဲ့ခရက်ရှ်အစ်ကိုကြီးက ငါ့ကို ကလေးလေးလို့ပဲ မြင်နေတယ် (One shot) | YUNKI
RomanceYUNKI commission fic for @binniejelly written in Burmese